***** ပရိတ်ကြီး ၁၁သုတ် အကျိုး နှင့် ပါရမီ ၁၀ ပါး *****

***** ပရိတ်ကြီး ၁၁သုတ် အကျိုး နှင့် ပါရမီ ၁၀ ပါး *****

• (၁) ဘုန်းကျက်သရေ ၊ပြည့်ဖြိုးဝေစေရန် ရွတ်လေ မင်္ဂလာသုတ် ။
• (၂) ကပ်ကြီး သုံးဖြာ၊ ဘေးကြုံလာ ၊ ရွတ်ပါ ရတနာ့သုတ် ။
• (၃) လူ၊ နတ် ၊ပုဂ္ဂိုလ် ၊ချစ်စေလို ၊ ရွတ်ဆို မေတ္တသုတ် ။
• (၄) မြွေ ၊ ကင်း ၊ သစ်ကျား ၊ တွေ့ကြုံငြား ၊ ရွတ်ပွား ခန္ဒသုတ် ။
• (၅) ချုပ်နှောင်ကြိုးတပ် ၊ ဘေးကြုံလတ် ၊ ရွတ်အပ် မောရသုတ် ။
• (၆) တေဇအဂ္ဂိ ၊ မီးဘေးငြိ ၊ ရွတ်ဘိ ၀ဋုသုတ် ။
• (၇) ရှုံးနိုင် ပြိုင်ပွဲ ၊ စစ်ဆင်နွဲ ၊ ရွတ်မြဲ ဓဇဂ္ဂသုတ် ။
• (၈) စုန်း၊ ဖုတ်တစ္ဆေ ၊ ဘေးကြုံနေ ၊ ရွတ်လေ အာဋာနာဋိယသုတ် ။
• (၉) အမျိုးသမီးများ ၊ မီးမဖွား ၊ ရွတ်ပါ အင်္ဂလိမာလသုတ် ။
• (၁၀) မကျန်းမမာ ရှိသောအခါ ၊ ရွတ်ပါ ဗောဇ္စုင်သုတ် ။
• (၁၁) တိတ်နမိတ်များ ၊ မကောင်းငြား ၊ ရွတ်ပွား ပဗ္ဒဏှသုတ် ။ ။ ။



***** ပါရမီ ဆယ်ပါး *****

• (၁) ဒါနပါရမီ ။ ။ လှုဒန်းပေးကမ်း စွန်းကြဲခြင်း ။
• (၂) သီလပါရမီ ။ ။ ကောင်းမြတ်သော အကျင့်သီလ ဖြင့်ဆောက်တည်နေထိုင်ခြင်း ။
• (၃) နေက္ခပါရမီ ။ ။ အိမ်ရာမှ ခွာရှောင်၍ ရသေ့ ၊ ရဟန်း ပြုခြင်း ။
• (၄) ပညာပါရမီ ။ ။ လောကီ ၊ လောကုတ်တရာ (၂) ပါးသော ပညာတို့ကို ရှာဖွေသင်ယူခြင်း ။
• (၅) ၀ိရီယပါရမီ ။ ။ မတွန့်မဆုတ် အားထုတ်ကြိုးစားခြင်း ။
• (၆) ခန္တီပါရမီ ။ ။ သည်းခံမှု ရှိခြင်း ။
• (၇) သစ္စာပါရမီ ။ ။ မှန်ကန်သော စကားကို ပြောဆိုခြင်း ။
• (၈) မေတ္တာပါရမီ ။ ။ မိမိနှင့် ထပ်တူပြုသော ချစ်ခြင်း ၊မေတ္တာတရားကို ထားရှိခြင်း ။
• (၉) အဓိဠာန်ပါရမီ ။ ။ အပြစ်ကင်းသော အရာတို့တွင် ဆုံးဖြတ်မှုရှိခြင်း ။
• (၁၀) ဥပေက္ခာ ပါရမီ ။ ။ မုန်းသည် ချစ်သည် မဟူ လစ်လျူရှုခြင်း ။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်