လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ၊ ကျနော့အသက် ဆယ့်လေး ၊ ဆယ့်ငါးလောက်မှာ ကျနော်က မီးရထား ဘူတာရုံနဲ့ ဓါတ်တိုင် ဆယ်တိုင်စာလောက်ဝေးတဲ့ နေရာမှာ နေပါတယ်။ ဘူတာရုံရဲ့ အနီးအနားမှာ နေတာဆိုတော့ ဘူတာရုံနဲ့ ပါတ်သက်တဲ့ သတင်းစကားတွေကလည်း မကြားချင်ပဲ ကြားနေခဲ့ရတယ်။ စင်္ကြန် ပလက်ဖောင်းနဲ့ တွဲကြားမှာ ကျလို့ တော်ကြာသေပြန်ပြီ။ ရထားအထွက် မရမကလိုက်တက်လို့ ပြုတ်ကျ သေပြန်ြ ပီ။ ရထားဝင်လာတာ မသိပဲ လမ်းဖြတ်ကူးလို့ တိုက်မိပြီး သေပြန်ပြီ။ အရက်မူးပြီး ရထားလမ်းပေါ် အိပ်နေလို့ ရထားကြိတ် သေပြန်ပြီ။ ဒီလို ခဏခဏ သေကြပြီးတဲ့နောက် ဘူတာရုံမှာ သရဲခြောက်တယ် ဆိုတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်လာတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ည ကိုးနာရီကျော်ရင် အိမ်အပြင် မထွက်ရဲကြသလောက် ဖြစ်လာတယ်။ ဘူတာရုံသွား လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာကလည်း နှစ်ချို့ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး မိုးကိုမျှော်ကြည့်၍ မမြင်ရလောက်အောင်ပင် ညအခါဆို မှောင်မိုက်ကာ လူသူကင်းရှင်းနေတတ်တယ်။ အခု .. ဒီလမ်းမကြီးပေါ်မှာ ကျနော်တစ်ယောက်တည်း လမ်းလျှောက်နေတယ်။ အချိန်က ဆယ့်တစ်နာရီ မတ်တင်း။ ဒီလမ်းပေါ်ကို ကျနော် လျှောက်ချင်လို့ လေ...