ကိုယ်ပိုင် domain name နဲ့ အီးမေးလ် apps လုပ်ကြရအောင်

TLD domain ပဲဖြစ်ဖြစ် CO.CC domain ပဲဖြစ်ဖြစ် ကိုယ်ပိုင်ဒိုမိန်း ရှိပြီဆိုရင် ကိုယ့် ဒိုမိန်းနိမ်း နဲ့ အီးမေးလ် တွေ
Goolge Apps မှာ လုပ်လို့ရပါတယ်။
myanmar@itmyanmar.co.cc ,
myanmar@mmitdevelopment.co.cc
admin@mmwordpress.com စတဲ့ ကိုယ့်စိတ်ကြိုက်နာမည်မျိုးတွေ၊

Gmail မှာ ယူလို့ မရနိုင်တဲ့ ပုံစံမျိုးတွေပေါ့ဗျာ။ Google Apps မှာပြုလုပ်ထားတဲ့ အီးမေးလ် တွေနဲ့ Gtalk
အပါအ၀င် Google ရဲ့ Services တွေ အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

ကိုယ်ပိုင် gmail sever group လေးတွေထောင်ကြဖို့ပါ....
@gmail ဆိုတာကြီးကရိုးနေဲပြီလေ..naysay@itmyanmar.co.cc ..... chat လိုလဲရတယ်...ကောင်းဘူးလား
account 50 လောက် အများဆုံးလုပ်လို့ရပါတယ်..money ပေးရင်တော့......
အမှားကြီးရမှာပေါ့

email မှရောက်လာသော..mmwordpass pdf စာအုပ်မှတဆင့်...
လူအများသိရှိရန် အိုင်တီလောကတိုး တက်စေရန်ဖော်ပြပေးခြင်းဖြစ်ပါသည်။
konaysay









Google Apps Sign-up pgae ကိုသွားပါမယ်။ Standard Edition Sign-up ကိုသွားပါမယ်။
Enter your domain name မှာ ဒိုမိန်းနိမ်း ကိုထည့်ပေးပါမယ်။


Sign up for Google Apps Standard Edition မှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ပေးပါမယ်။


ပြုလုပ်ချင်တဲ့ အီးမေးလ် username , password ထည့်ပေးပါမယ်။


နောက်ပိုင်း မှာ မိမိဒိုနိမ်းနာမည်နဲ့အီးမေလ် လိုချင်သလောက် ထပ်လုပ်လို့ရပါတယ်။
Domain ownership ကို Verify လုပ်ပေးရပါမယ်။

Verify လုပ်ဖို့အတွက် နည်းလမ်း ၂ မျိုးပေးထားတဲ့အထဲက ပိုအဆင်ပြေတဲ့ upload HTML ကိုရွေးပါမယ်။

လုပ်ခိုင်းတဲ့အတိုင်း Notepad သို့ Text Editor တခုခုမှာ googlehostedservice.html နာမည်နဲ့ ဖိုင်ပြုလုပ်ပါမယ်။
ဖိုင်ကို ဒိုမိန်း အသုံးပြုထားတဲ့ Hosting က Root Directory အောက်ကို upload တင်ပေးပါမယ်။ ဥပမာ။
000webhost မှာဆိုရင် /public_html ဖြစ်ပါတယ်။ Freehostia အတွက်ကတော့ မိမိ domain
နာမည်အောက်ကို ဖြစ်ပါတယ်



Upload တင်ပြီးရင် Verify နှိပ်ပေးပါမယ်။ Google မှာ စစ်ဆေးဖို့အတွက် အချိန်
48နရီခန့် ကြာနိုင်ကြောင်းပြပါလိမ့်မယ်။
ပြီးရင် Email အောက်က Active Email ကို သွားပါမယ်။


Set up email delivery ဆိုတဲ့ Page ကိုရောက်သွားပါမယ်။
အဲဒီမှာ ဒိုမိန်း အသုံးပြုထားတဲ့ Hosting က MX Record ကိုပြောင်းဖို့ ပေးထားပါလိမ့်မယ်။
000webhosting ရဲ့ Cpanel ကိုသွားပါမယ်။ Modify MX Record ကိုသွားပါမယ်။
Google ကပေးထားတဲ့ MX Server address ကိုဖြည့်ပေးပါမယ်။
Freehostia Hosting အတွက် cpanl / Custom DNS Control ကိုသွားပါမယ်။
MX မှာ Google ရဲ့ MX Server Address ကိုဖြည့်ပေးပြီး Change ကိုနှိပ်ပေးပါမယ်။
Hosting မှာ MX record ချိန်းပေးပြီးသွားရင် Google Apps မှာI have Completed these steps ကို နှိပ်ပေးပါမယ်။
Email icon ကိုနှိပ်ပါမယ်။ Email login ၀င်ဖို့အတွက် လိပ်စာတွေ Email Settingတွေကို
ပြထားတာ မြင်ရပါလိမ့်မယ်။
Email login ၀င်ဖို့လိပ်စာက http://mail.google.com/a/urdomain.comဖြစ်ပါတယ်။
MX record တွေ ဒိုမိန်း verify လုပ်ဖို့တွေ အတွက် အချိန် နည်းနည်း (နာရီဝက် တစ်နာရီခန့်)
စောင့်ပေးပြီးသွားရင် အီးမေးလ် အသစ်ကို စမ်းသပ် အသုံးပြုနိုင်ပါပြီ။
နောက်ထပ် အီးမေးလ် အသစ်တွေ ထပ်လုပ်မယ်ဆိုရင် Google Apps ကိုသွားပါမယ်။
ဒိုမိန်းနာမည် ကိုရိုက်ထည့်ပေးပါမယ်။ Manage this domain ရွေးပေးပြီး Go ကိုနှိပ်ပါမယ်။
sign in ၀င်ပေးလိုက်ရပါမယ်
Create new users ကိုသွားပါမယ်။ ပြုလုပ်ချင်တဲ့ နာမည်ထည့်ပေးပါမယ်။
Set password ကိုနှိပ်ပြီး passwordပေးပါမယ်။
Create new user နှိပ်ပေးပြီးရင် နောက်ထပ် မေးလ် အကောင့် အသစ်ရပါပြီ။
user အသစ် နာမည်နဲ့ အီးမေလ်း login ၀င်ဖို့လိပ်စာကလည်း အရင်အတိုင်း
http://mail.google.com/a/urdomain.com ဖြစ်ပါတယ်။
ကိုနေစေးရေးထားတာလေးပါ
တစ်ခြားသူတွေသိအောင်လို့ဖော်ပြပေးလိုက်တယ်

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်