Home Page လှလှလေး ပြင်ကြရအောင်

လွမ်း ဒီနေ့  Home Page ဘယ်လိုပြင်ရလဲဆိုတာကို အဆင့်ဆင့်ရှင်းပြသွားပါမယ်...


လွမ်း Home Page ပြင်တတ်အောင် သင်ပေးတဲ့သူက ငါးသုံးက ဟိန်းမာန်ဇော်ပါ...


ကိုယ့်စာမျက်နှာလေး လှအောင်ပြင်ရင်းနဲ့  ပြင်တတ်လာတာပါ...


လွမ်းဆီ စာရေးမေးသူကို တစ်ယောက်ချင်း ဖြေပေးခဲ့ပါတယ်...


အားလုံးကို မိမိကိုယ်တိုင် ပြင်တတ်စေချင်တဲ့စေတနာနဲ့  တင်ပြလိုက်ခြင်းဖြစ်ပါတယ်...


၁။ My Pageဆိုတာလေးကို Click လုပ်လိုက်ပါ...

Page1


၂။ My Appearance ဆိုတာကို Click လုပ်လိုက်ပါ...

Page2


၃။ ခုပုံမှာ ပြထားတဲ့အတိုင်း Tab သုံးခုရှိတဲ့အနက် Advance Tab ကို Click လုပ်လိုက်ပါ... Box ထဲမှာ မူလရှိပြီး Code တွေ မြင်ရပါလိမ့်မယ်... အားလုံးကို Select လုပ်ပြီး Delete လုပ်ပစ်လိုက်ပါ။

Homepage3
Homepage4

အဲဒီနေရာမှာ လွမ်း ခု ရေးပေးထားတဲ့ Code သုံးပိုဒ်ကို ကူးပြီး ထည့်လိုက်ပါ...


body {
background-attachment: fixed;
background-repeat: repeat;
}



a:hover {
color:#CC0000;
text-decoration:none;
}




p {align=justify}
a {cursor: hand;}


ပထမဆုံးအပိုဒ်က Background အတွက်ပါ...

ဒုတိယအပိုဒ်က Hover ပါ... Pointer ထောက်လိုက်ရင် ပေါ်လာတဲ့ပုံလေးတွေပါ...

တတိယအပိုဒ်က Cursor အတွက်ပါ... Pointer ပုံလေးကို ပြောင်းလိုက်တာပါ...


၎။ ဒီတစ်ခါ အရောင်ပြောင်းတဲ့အပိုင်း ပြုလုပ်ပေးရမှာပါ...

ပုံတွင်ပြထားသည့်အတိုင်း All Options Tab မှ Transparent လုပ်ရမဲ့နေရာလေးတွေ ပြထားပါတယ်...
Header, Body, Module နဲ့  Subheader လေးခုကို Transparent လုပ်ထားရမှာပါ...
Side Image, Body Image နဲ့ Header Image တွေကို No Image ရွေးထားရမှာပါ...

Homepage5

သူငယ်ချင်းတို့  တစ်ခု သတိထားရမှာက Body Color Box မှာ Transparent ဆိုတာ မပါဘူးလေ... ဒီတော့ Transparent လို့  ရိုက်ထည့်ရပါမယ်... နောက် OK ပေးလိုက်ရမှာပါ... ဒီအချက်ကို တခြား Color Box မှာလဲ အသုံးပြုရင် ရပါတယ်...

ပုံမှာပြထားတဲ့အတိုင်း ပြင်ပြီးရင်တော့ Save လုပ်ကြည့်လိုက်ပါ...


....................................................................................................................


၅။ ဒီတစ်ခါ Background တွေကို ဘယ်လိုရှာရလဲဆိုတာကို သင်ပေးပါမယ်...

http://www.glitter-graphics.com Website ကို ၀င်လိုက်ပါ...
ပုံမှာပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ကြည့်ပါ...

Homepage6
Homepage7


၆။ မိမိနှစ်သက်ရာ Background ကို ရွေးချယ်ပြီးပြီဆိုရင်တော့ Click ပြုလုပ်ပြီး HTML Code ကို Copy ပြုလုပ်ပြီး Advance Tab ထဲမှ ပထမဆုံးအပိုဒ် နေရာတွင် Paste ပြုလုပ်ပေးရပါမယ်...

Homepage8

....................................................................................................................

၇။ Cursorအတွက်ရှာရမဲ့ Website ကတော့ http://www.totallyfreecursors.com ဖြစ်ပါတယ်...


မိမိကြိုက်နှစ်သက်ရာCursor ပုံလေးကို ရွေးပြီးပြီဆိုရင်တော့ လွမ်း ထည့်ထားတဲ့ ပုံလေးအတိုင်း အဆင့်ဆင့် ပြုလုပ်သွားပြီး Advance Tab ထဲမှတတိယအပိုဒ် နေရာတွင် Paste ပြုလုပ်ပေးရပါမယ်...

Homepage9
Homepage10

တကယ်လို့ များ အခက်အခဲဖြစ်လာတယ်ဆိုရင်တော့ လွမ်းကို မေးလို့ ရပါတယ်...

လွမ်း Page ကို လာချင်ရင်တော့ http://crazybag.ning.com/profile/3ic4lp6evffy7ကို Click လုပ်လိုက်ပေါ့နော်...

လွမ်းနဲ့  သူငယ်ချင်းဖြစ်တယ်ဆိုရင်တော့ စာပို့ မယ် ဆိုတာလေးကို Click လုပ်ပြီး သိချင်တာကို မေးမြန်းနိုင်ပါတယ်...

လှပတဲ့ Home Page များကို ကိုယ်တိုင်ပြင်နိုင်ကြပါစေ...

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်