http://baltagy.blogspot.com/

ဒီ web guide အစီစဉ်ကိုဒီဘလော့လေးနဲ့ပဲစလိုက်ပါရစေ
ဘလော့ကတော်တော်ရှည်ပြီး ကျွန်တော်ရေးထားတာမဟုတ်ပါဘူ
myamaritdevelopement.com က အစ်ကိုတစ်ယောက်ရေးထားတာပါ
ဘလော့ရဲ့လိုရင်းကတော့
တော်တော်ကောင်းတဲ့ဆိုဒ်လေးကိုဖော်ပြထားတယ်
software တော်တော်များများ download လုပ်လို့ရတဲ့ဆိုဒ်လေးးပါခင်ဗျာ
web နာမည်ကhttp://baltagy.blogspot.com/ ပါ မူလာပိုင်ရှင်ရေးထားတဲ့ဘလော့အရှည်ဖတ်ချင်ရင်တော့
အားးပါးးပါးးး နည်းတာ မဟုတ်ဘူးးးးး ....


အကြီးးးကြီးးးးပဲဟ .......... (file size တွေက )


အားးးပါးးပါးး နည်းတာမဟုတ်ဘူးးးးး


အများကြီးပါလားးးး ဟေ့ ..... ( Software တွေ ပြောပါတယ် .... )


အားးးပါးးပါးးး နည်းတာမဟုတ်ဘူးးးး


သိပ်ကောင်းးကွာ ..... ( အားလုံး portable တွေချည်းပဲ .... )


တကယ်တော့ .... ခု ပြောပြမဲ့ အကြောင်းအရာလေးကိုတွေ့ ရင် .... မိတ်ဆွေတို့ လည်း ကျွန်တော့်လို အားပါးပါးလို့ အော်မိမှာ .. မြင်ယောင်မိပါသေးတယ် ... ။


အဲ့ဒါကြောင့် ... ခေါင်းစဉ်ပါ ... rhyme မိသွားအောင် ... မသိသူကျော်သွားး သိသူဖော်စားး အားးပါးးပါးးပေါ့ ... ။ ဟဲ ဟဲ ... ။


ဒါပေမဲ့ ... ခုချိန်ထိတော့ .. ကျွန်တော် ဘာတွေ ပြောလို့ ပြောနေမှန်း သိမှာ မဟုတ်သေးပါဘူးးး ။ ( အင်းလေ ကျွန်တော်လည်း ဘာမှ မှ မပြောရသေးတဲ့ ဟာ )


တကယ်တော့ ..... Website လေး တစ်ခုပါ .... ။ ဘယ်လို Website လဲ ဆိုတော့ .....


ခု ဒီပိုစ့် ရေးနေတဲ့ .. Feb 2 ရက်နေ့ မှာပဲ ... Update ချက်ခြင်း တက်လာတဲ့ ...


jv16 PowerTools 2011 v2.0.0.1053 Portable


Feb 1 ရက်နေ့ ကမှ တင်ထားတဲ့ ...


Freemake Video Downloader v3.0.0.15 Portable
Freemake Audio Converter v1.1.0.16 Portable
Freemake Video Converter v3.0.1.9 Portable
Wise Disk Cleaner v6.32 Build 339 Portable
FlashFXP v4.1.8 Build 1708 Portable



အကုန်လုံးက ... Portable တွေချည်းပဲ ... ။ Portable တောင်မှ .. ရိုးရိုး Portable မဟုတ်ဘူးးး ။ နောက်ဆုံး latest version တွေနဲ့ portable တွေချည်းပဲ ... ။


Firefox က သူ့ နောက်ဆုံး version 10 ကို release လုပ်တာ ဘယ်နှစ်ရက် ရှိသေးလို့ လဲ ... ?? ဒါပေမဲ့ ... အဲ့ဆိုဒ်လေးမှာ သွားကြည့်လိုက် .....


Mozilla FireFox v10.0 Portable
Mozilla Thunderbird v10.0 Portable



Mozilla Firefox တင်ပဲလား ဆိုတော့ .. ဘယ်ဟုတ်ဦးမလဲ ..... တစ်ခြား Browser တွေကိုလည်း ကြည့်လိုက်ဦးး...


Opera v11.61.1250 Portable
Google Chrome v16.0.912.77 Portable
Apple Safari v5.1.2 Portable



အဲ့လို Browser တွေနဲ့ တွဲဖက်ပြီး download လုပ်လို့ ရအောင် ... အကောင်းဆုံး ထုတ်ထားတဲ့ internet download manager ကိုလည်း ကြည့်လိုက်ဦးးး ။ install လုပ်ပြီးမှ ... fake serial error တက်တဲ့ ဒုက္ခ ... patch ဖြည်ရတဲ့ ဒုက္ခ ... အသစ် ထွက်တိုင်း serial ထည့်ပေးရတဲ့ ဒုက္ခ ... မသုံးတတ်လို့ ကတော့ .. ပြသနာပေါင်း သောင်းခြောက်ထောင်မက ...။ ဒါပေမဲ့ .. အဲ့လို ဒုက္ခတွေ ဆိုတာ .. ဘာမှန်း မသိရအောင် .. လုပ်ပေးမှာက ....


Internet Download Manager v6.08 Build 9 Portable ( ဘာ key , ဘာ serial မှ မလိုဘူးး ။ ဒေါင်းပြီး စတစ်ထဲ ကောက်ထည့်ထားးးး ။ ဒေါင်းချင်တဲ့ အချိန် ဖွင့် Double Click နှိပ် ဒေါင်းးး ။ ကဲ .. ဘာပြောဦးမလဲ ... )
အော်.. အဲ့လို portable software တင်ပေးတဲ့ သူ .. ဘယ်လောက်များ စေတနာ ကောင်းလဲ .. ဘယ်လောက်များးး မျှဝေပေးချင်လဲ ဆိုတော့ .... Internet Download Manager v6.08 Build 9 Portable zip file လေး ဒေါင်းလုပ်ဆွဲလိုက်တာနဲ့ .... Internet Explorer 9 Portable လေးကိုပါ အဆစ်ထည့်ထားပေးသေးတယ် ... ။ သာဓုပါဗျာ ... ။ သာဓုပါ .... သာဓုပါ ... ။


Apple က ထုတ်တဲ့ ပစ္စည်းတွေနဲ့ ပျော်မွေ့ နေတဲ့ သူများ အတွက် .... လည်းးး ရှိသေးတယ်ဗျာ .. ။ Iphone , Ipod , Ipad တွေ အတွက် သီးသန့် software ဖြစ်တဲ့ .. Itunes latest portable လေးလည်း ရှိသေးတယ် ... ။


iTunes v10.5.3.3 Portable


Windows Media Player မှ .. Windows Media Player ဖြစ်နေတဲ့ သူတွေ အတွက် .. format မျိုးစုံ ဖွင့်လို့ ရအောင် လုပ်ပေးတဲ့ .. KLite Codec Pack Latest Version လေးကလည်း အသင့်ဗျာ ... ။


K-Lite Mega Codec v8.2.0 Portable


Windows Media Player နဲ့ မဖွင့်ချင်ဘူးး ။ GOM Player နဲ့ မှ ဖွင့်ချင်တာလားး ။ စိတ်မပူပါနဲ့ ... ။


GOM Player v2.1.37.5085 Portable


အဲ့လိုသာ ရေးပြနေလို့ ကတော့.... တစ်ထောင့်တစ်ည ထိုင်ရေးနေလည်း ဆုံးမှာ မဟုတ်တော့ဘူးးး ။ ဘယ် Website ဆိုတာ မသိသေးပဲ .. ခုလို .. အမြည်းပေးနေရုံနဲ့ တင် .. အားပါးးပါးးး ဖြစ်နေလောက်ပြီ ... ။ ဒါတောင် ကျွန်တော် လောလောဆယ် ဒေါင်းလုပ် လုပ်ထားတဲ့ ဟာလေးတွေပဲ ရေးထားတာ ... ။ နောက်ထပ် ကျန်သေးတာ .. သောင်းခြောက်ထောင်....... ( 2012 ရဲ့ January လ တစ်လထဲတင် ... Portable Software ပေါင်း 103 ခု ကို Update ဖြစ်အောင် တင်ပေးထားတာဗျာ .... ။ February ကလည်း ခုမှ 2 ရက်နေ့ ပဲ ရှိသေးတယ် .. ။ Post 7 ခုနဲ့ Software 7 ခု ရောက်နေပြီ ... ။ )


ကဲ ..... .အဲ့လောက်ကောင်းတဲ့ ဆိုဒ် .. ဘယ်မှာ သွားရှာမလဲဗျာ .... ။


အဲ .... ဒါနဲ့ ..... ထက်ဇော်ကြီး ပိုစ့်ရေးတိုင်း Zawgyi နဲ့ ရေးလို့ တဲ့ . ဝေဖန်က ခံနေရတယ် ... ။ ဆိုဒ်ရဲ့ အက်မင် တစ်ယောက် လုပ်ပြီး ဆိုဒ် မှာ သုံးနေတဲ့ ယူနီကုတ် မသုံးဘူးတဲ့ ... ။ ၀ိုင်းပြီး လက်ညှိုးထိုးနေကြတယ် ... ။ တကယ်တော့ .. အဲ့လို မဟုတ်ပါဘူး ဗျာ ... ။ ယူနီကုတ် ကုတ်ကုတ် ..မကုတ်ကုတ် ... ဇော်ဂျီ .. ဂျီ .. မဂျီ .. ဂျီ ... အဓိက ကျွန်တော် ရေးတဲ့ စာကို အဆင်ပြေအောင် ဖတ်နိုင်ဖို့ အဓိကပါ ဗျာ ... ။ ယူနီကုတ် ရိုက်ရတာလည်း ဇော်ဂျီနဲ့ ဘာကွာတာမှတ်လို့ .. ။ အားလုံးလည်း သိနေတာပဲ .... ။ ယူနီကုတ် လက်ကွက်ကလည်း လွယ်မှလွယ် .. ။ ဒါဆို ကျွန်တော် ဘာလို့ ဇော်ဂျီနဲ့ ရိုက်ရလဲ ..... ။ အဓိက... က ကျွန်တော်တို့ ဆိုဒ်ရဲ့ ... Privacy Policy ကြောင့်ပေါ့ဗျာ ..... ။ လက်ရှိ ရှိနေကြတဲ့ .. မြန်မာ Website တွေ တော်တော်များများကို ကြည့်ရင် .. ဆိုဒ်ရဲ့ . Privacy ကို ပိတ်ထားပြီး member မှသာ ၀င်ရောက် ကြည့်ရှုလို့ ရတဲ့ ပုံစံ ဖြစ်အောင် လုပ်ထားကြတာ များပါတယ် .. ။ ဒါပေမဲ့ .. ဟိုးးအရင် စတင် တည်ထောင်စဉ်ကတည်းက ကျွန်တော်တို့ Website က ဆိုဒ်ရဲ့ Privacy ကို ကန့် သတ်ထားခြင်း မရှိပဲ ..Member အကောင့် မရှိပဲ .. Guest အနေနဲ့ လည်း ၀င်ရောက် ကြည့်ရှုလို့ ရအောင် ဖွင့်ပေးထားတာကြောင့် .. မန်ဘာ မဟုတ်ပဲ .. တစ်ခြား သူများ ၀င်ရောက် ကြည့်ရှုရာမှာလည်း အဆင်ပြေစေဖို့ အတွက် .. ဇော်ဂျီကိုသာ အသုံးပြုပြီး ရေးသားရခြင်းဖြစ်ပါတယ် ... ။


ကျွန်တော် ကိုယ်တိုင်ကိုကလည်း စာရေးရတာကို (လျှောက်ဖောရတာပေါ့ .. ဟိဟိ) ၀ါသနာပါတော့ ..... Website လေး တစ်ခု အကြောင်း ရေးဖို့ ... နိဒါန်းတွေ အစပျိုးးး စာကိုယ်တွေ မများများအောင် ရေး ၊ နိဂုံးကိုလည်း လှလှပပ ချုပ် .. ။ အဲ့လိုလေးတွေပေါ့ဗျာ ... ။ အဓိက က ကျွန်တော် ရေးတဲ့ စာတွေ ကို လူတွေ ဖတ်လို့ အဆင်မပြေမှာကို ကြောက်လို့ ပါဗျာ .. ။ လူတိုင်း ၊ အင်တာနက်ဆိုင်တိုင်း ယူနီကုတ် သုံးဖို့ အဆင်မပြေသေးဘူး ဆိုတော့ .. အဆင်ပြေတဲ့ ဇော်ဂျီ လေးနဲ့ ပဲ . အားလုံး ဖတ်လို့ ရအောင် ရေးပေးတဲ့သဘောပါဗျာ .. ။ ယူနီကုတ်ကို မကြိုက်လို့ မဟုတ်ပါဘူးးးး ... ။ အဲ့လောက်ဆိုရင်တော့  ဘာကြောင့် ဇော်ဂျီနဲ့ ပဲ ရေးရတယ်ဆိုတာသိလောက်ပြီ ထင်ပါတယ် .... ။


ဒါပေမဲ့ .. ခုချိန်ထိတော့ ...ပိုစ့်ခေါင်းစဉ်ရဲ့ .. ဆိုလိုရင်းကို မရောက်သေးပါဘူးးး ။ ဖတ်ရတဲ့ သူလည်း တော်တော် စိတ်ရှည်နေလောက်ပါပြီ ... ။ အဲ့လို စိတ်ရှည်အောင်လည်းး တမင်.... စာတွေ အများကြီး ရေးပြီး ထိုင်ဖတ်ခိုင်းထားတဲ့ ဟာ .... ။ လိုချင်တာ မရမချင်းကတော့ .. ကျွန်တော် ရေးတဲ့ စာတွေကို .. မဖတ်ချင်ပဲလည်း ထိုင်ဖတ်နေရဦးမှာပဲ .... ။ ဟဲ ဟဲ .. ။ ခုတောင် ဖတ်ချင်ချင် ... မဖတ်ချင်ချင်.... ဒီနေရာတော့ ရောက်လာပြီမလားးးး .... ။


စိတ်လေးတော့ နည်းနည်း ရှည်ရှည်ထားပါဗျာ ... ။ စိတ်ရှည်ရှည် ထားဖို့ အတွက်ကတော့ .. ကျွန်တော်တို့ ရွှေပြည်ကြီးက သူတွေကို သင်ပေးစရာ လိုမယ် မထင်ပါဘူးးး ။ အင်တာနက်သုံးလိုက်ပြီ ဆိုတာနဲ့ .. စိတ်ဘယ်လောက်ရှည်တာကို စမ်းသပ်ခံသလို ဖြစ်နေတာကို .... ။ အဲ့ဒါကြောင့် ကွန်နက်ရှင် ကောင်းတုန်းလေး ရေးချင်တာ စွတ်ရေးရတာ ... .။ ( အဲ. .. ဒါနဲ့ .. စတုန်းက စပြီး ခုထိ မလုပ်နိုင်သေးတဲ့ ..MMiTD Ebook ကိစ္စ က ရှိသေးတယ် ... ။ ကွန်နက်ရှင် မကောင်းတာ က တစ်ကြောင်း ၊ အလုပ်မအားတာက တစ်ကြောင်းနဲ့ ခုထိစလုံးရေတောင် မစ နိုင်သေးဘူးး ။ အဲ့အတွက် လိုအပ်တဲ့ အကူအညီများနဲ့ E-book ပြုလုပ်ရေး အတွက် အဖွဲ့ လေး တစ်ဖွဲ့ ဖွဲ့ စည်းဖို့ ကို သီးခြား ပိုစ့် တစ်ခု အနေနဲ့ တင်ပေးပါဦးမယ် ... ။ )


ဒီလောက် ဖတ်ရရင်တော့ . တော်တော်လေးကို စိတ်မရှည်နိုင်စရာ ဖြစ်လို့ သွားပါပြီ ... ။ ဒီ့ထက် လေ ရှည်နေလို့ ကတော့ ... လမ်းမှာတွေ့ ရင် .. အရိုက်ကြီးပဲ .. ခံရနိုင်တယ် .... ။


ဒါကြောင့် .. ခုန ပြောတဲ့ ဆိုဒ်လေး အကြောင်း ပြန်ဆက်ရအောင်ဗျာ.... ။


တင်ပေးထားတဲ့ Portable Software တွေနဲ့ ပတ်သတ်ပြီးစိတ်မပူ ဖို့ အကြောင်းကိုလည်း ဒီလိုလေး ရှင်းပြထားသေးတယ်ဗျာ ... ။


All programs are tested by NOD32 Some Antivirus Program Detect Any Portable Made By ThinApp As Virus ,It's False . Positive .


အဲ့လို ဆိုဒ်တွေမှာ .. အဓိက အရေးကြီးဆုံးက ..ဒေါင်းလုပ် လုပ်ဖို့ အတွက် ... လင့်ခ်တွေပဲ .. ။ အဲ့လို ဆိုဒ်တွေက များသော အားဖြင့် premium အကောင့် ရှိမှ ဆွဲလို့ ရတဲ့ ဆိုဒ်တွေကို ညွှန်းကြတယ် .. ။ ဒါပေမဲ့ .. ဒီဆိုဒ်လေးကတော့ အဲ့လို မဟုတ်ဘူး ဗျာ ... ။ ဒီဆိုဒ်လေးမှ .. ဒီဆိုဒ်လေး ဖြစ်ပြီး ပက်ပက်စက်စက် ကြိုက်နေရတဲ့ အကြောင်း အရင်း ရဲ့ .. အဓိက ... က ...


ဒေါင်းလုပ်လုပ်ဖို့ အတွက် ... mirrorcreator ကို သုံးထားပြီး hosting site အနည်းဆုံး 14 ခု တောင် တင်ပေးထားတာဗျာ ... ။ ကျွန်တော်တို့ အတွက် အဆင်ပြေဆုံး ဖြစ်တဲ့ .. mediafire,ifile,zshare,ziddu အကုန် ပါတယ်ဗျာ ... ။


ဒန်... တန်.... တန် ..... အဓိက .. အကြောင်းအရာ က လာပါပြီ .... ။


မသိသူတွေ ကျော်သွားပြီးးး သိတဲ့ သူတွေ ဖော်စား ဖို့ အတွက် .. အဲ့ဆိုဒ်လေးရဲ့ လိပ်စာကတော့ ........


http://baltagy.blogspot.com/


ပါဗျာ ....... ။ ဒီအထိ.. စိတ်ရှည် လက်ရှည် ဖတ်ပေးခဲ့ကြတဲ့ .. စာဖတ် ပရိသတ်များကို ကျေးဇူး အများကြီးတင်ရှိပါတယ် ... ။ လေဖောလို့ လည်း ၀ပြီ ဖြစ်တာကြောင့် .. အချိန်ရှိတုန်းလေးးး အပြင် လစ်လိုက်ပါဦးမယ် ... ။


အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ ... ။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်