ဟာသကြိုက်သူတွေအတွက်

ဂုဏ်ပြုစာတမ်း
တစ်ခါတုန်းကအမျိုးသမီးနှစ်ယောက်
ဟာနိုက်ကလပ်တစ်ခုကိုသွားကြသတဲ့.
ဖြစ်ချင်တော့အဲဒီနေ့မှာပဲဘီယာတွေပရိုမိုးရှင်းလုပ်တဲ့အနေနဲ့အခမဲ့သောက်သုံးခွင့်ပေးတာနှင့်
ကြုံနေပါရော...။ဒါနဲ့အမုန်းကဲပြီးအပီသောက်လိုက်ကြပါသတဲ့မူးမူးနဲ့လမ်းလျှောက်အပြန်လမ်းမှာ
ရူးရူးပေါက်ချင်စိတ်ကတားမရဆီးမရဖြစ်ပါလေရော..။ဒါနဲ့ဘေးဘီကိုကြည့်လိုက်တော့
သင်ချိုင်းတစ်ခုတွေ့ပါသတဲ့။
ပထမအမျိုးသမီး။ ။ဒီထဲမှာလူရှင်းတယ် ၀င်ပေါက်လိုက်ကြရအောင်...။
ဒုတိယအမျိုးသမီး။ ။ကြာသလားလို့လုပ်လိုက်လေ...။
အဲဒီလိုနဲ့မူးမူးနဲ့ရူးရူးပေါက်လိုက်ကြတာ ခြေထောက်တွေစိုစိုရွှဲကုန်ပါလေရော။
ပထမအမျိုးသမီးကတော့
သူ့မှာဝတ်လာတဲ့အတွင်းခံဘောင်းဘီကိုချွတ်ပြီးသန့်ရှင်းရေးလုပ်ကာ
ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။
ဒုတိယအမျိုးသမီးမှာတော့ သူယောင်္ကျားဝယ်ပေးလိုက်တဲ့အသစ်ဂျပ်ချွတ်လေးဆိုတော့
မလုပ်ရက်ဖူးဖြစ်နေတယ်..ဒါနဲ့
အုတ်ဂူပေါ်မှာတွေ့တဲ့အနီေ၇ာင်ဖဲကြိုးပြားတစ်ခုကိုယူပြီး
သန့်ရှင်းရေးလုပ်ခဲ့ပါတယ်..။ ဖြစ်ချင်တော့ကိစ္စတွေပြီးလို့
ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာဖဲကြိုးအနီလေးဟာ
ခါးပတ်နှင့်ချိတ်မိပြီးပါသွားပါလေရော...။

ထိုအမျိုးသမီးနှစ်ယောက်အိမ်ပြန်ရောက်ပြီးချိန်မှာပဲ
သူတို့ရဲခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ
ဖုန်းဆက်ပြီးအောက်ပါအတိုင်းပြောကြပါသတဲ့ ။
ပထမခင်ပွန်း။
။ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူးဟေ..။ဒီနေ့ငါ့မိန်းမပြန်လာတော့
အတွင်းခံဘောင်းဘီပါမလာဘူးကွာ...တစ်ခုခုတော့တစ်ခုခုပဲ။
ဒုတိယခင်ပွန်း။ ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာရူးတောင်ရူးချင်နေပြီ
။ ငါ့မိန်းမပြန်လာတော့ဂုဏ်ပြုစာတန်းတောင်ပါလာသေးတယ်။
ဘာတဲ့ “ခင်ဗျားကိုကျုပ်တို့တပ်စုတစ်ခုလုံးကမှတ်မှတ်ရရရှိနေမှာပါ“ တဲ့ကွာ။

အနည်းငယ်ရိုင်းလျှင် ခွင့်လွှတ်ကြပါနော်........
ပေါပါတယ်။
ရထားတစ်စီးပေါ်တွင်ဖြစ်သည်...အီတလီ,ဂျာမနီနှင်.ဂျူးလူမျိုး ၃ယောက်မှာနေရာကပ်ရကြသည်။
ထိုစဉ် အီတလီလူကအကောင်းစားဝိုင်တစ်လုံးကိုထုတ်ပြီးတစ်ခွက်ငှဲ.သောက်ပြီးပုလင်းကိုပြတင်းပေါက်မှလွင်.ပစ်လိုက်သည်.
ထိုနောက်သူက"ကျုပ်တို.ဆီမှာဒါမျိုးတွေသိပ်ပေါတာလေ"ဟုကျန်၂ယောက်ကိုကြွားလိုက်သည်။ထိုအခါဂျာမနီသားက
အားကျမခံဝက်ပေါင်ခြောက်တုံးကိုထုတ်အနည်းငယ်လှီးစားပြီးလွင်.ပစ်လိုက်ကာ
"ကျုပ်တို.ဆီမှာလည်းဒါတွေကမလိုချင်မှအဆုံးပဲလေဟဲဟဲ.."ထိုအခါကျန်သောဂျူးမှာဘာမှမရှိသောကြောင်.မည်သို
.ပြန်ကြွားရမည်ကိုစဉ်းစားနေစဉ်အီတလီသားနှင်.ဂျာမနီသားက
"ဟေ.မင်းတို.ဆီမှာဘာမှမပေါဘူးလား"မေးရာ
ဂျူးကကောက်ခါငင်ခါထပြီးဂျာမနီသားကိုဂုပ်ကဆွဲမပြီးပြတင်းပေါက်မှလွတ်ပစ်လိုက်ရာ
အီတလီသားမှယာမျက်လုံးပြူးကာ"မင်းဘာလုပ်တာလဲ"ဂျူးကအေးဆေးစွာဖြင်.ပြန်ပြောလိုက်သည်။
"ကျုပ်တို.ဆီမှာလဲဒီကောင်တွေတအားပေါပဲလေ"။
တော်လိုက်တဲ့ သား

ကျောင်းမှနောက်ကျပြီးပြန်ရောက်လာသော သားကိုအဖေလုပ်သူက အကြောင်းအရင်းကိုမေးရာ အဖွားအို တစ်ဦး အားလမ်းဖြတ်ကူးရန် ကူညီနေသဖြင့် ဟု သားကဖြေသည်၊လူမှုရေး စိတ်ဓါတ်ရှိတဲ့ သား ဟုအဖေက ချီးကျူးပြီး ချောကလတ်ဆုချသည်၊ နောက်တစ်နေ့ တွင် မိမိတန်းမှ သူငယ်ချင်းကိုခေါ်လာပြီး မိမိတို့ နှစ်ဦး သား အဖွားအိုတစ်ဦး လမ်းဖြတ်ကူးရန် ကူညီခဲ့ကြောင်းပြောပြသည် ၊ အဖေ လုပ်သူက ချောကလက် တခုဆီ ဆုချလိုက်ပြန်သည်၊နောက်တစ်နေ့ တွင် မူ သားသည် မိမိအတန်းမှ ကျောင်းသားထက်ဝက်ခန့် ဖြင့် ရောက်လာကာ အဖွားအိုတစ်ဦး လမ်းဖြတ်ကူးနိုင်ရန် ကူညီခဲ့ ပြန်ကြောင်း အဖေ့ ကို ပြောပြသည်။
" မင်း တို့ ကလူများလှချည်လား "
" အဖွားက လမ်းဖြတ်မကူးချင်ဘူး ဆိုပြီး ၊ အတင်းငြင်းနေလို့ ပါ "



သဝန်တိုသူ ..

မိန်းမလုပ်သူသည် ယောက်ျား အပြင်က ပြန်လာတိုင်း ၎င်း ၏ အကျီကို စစ်ဆေးလေ့ ရှိသည် ၊င်္အကျီပေါ်တွင် ဆံပင် တစ်ချောင်းတွေ့ သည်နှင့် အခြားမိန်းမ နှင့် ပျော်ပါး ခဲ့သည် ဟု စွပ်စွဲကာ ဆူညံဆူညံ လုပ်လေ့ ရှိသည်၊တနေ့ ယောင်္က်ျားအပြင်မှပြန်လာသည်၊ ထုံစံ အတိုင်း ဆံပင်အကြွင်းကျန် များကို ရှာသည် ၊မတွေ့ ချေ၊သို့ နှင့် စိတ်ဆိုးမာန်ဆိုးဖြင့် 
" ဟင် ရှင် တော်တော် က မြင်းတယ် ၊ ဆံပင်မရှိတဲ့ မိန်းမကိုတောင် မရှောင် ဘူး " ဟုပြောလိုက်သည်၊



မဖြစ် ဘူး


"ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ဘာလုပ်ရမလဲဆိုတာ အကြံပေးပါအုံး "

" လွယ်လွယ်လေးပါ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ "
" ဟာ ဒါတော့ မဖြစ်ဘူး ကျွန်တော် က ဘိလပ်မြေဖျော်တဲ့ သူ "

နားမလည်ဘူး
မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။
"ဖေဖေ မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်"
ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်
"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"

နေလိုလူ

အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ ၀ိုင်းမေးကြသည်။
"ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ"
မိန်းကလေးကဖြေသည်။
"ငါ့ယောက်ျားက နေလို ယောက်ျားဟ"
သူငယ်ချင်းများက ၀ိုင်းပြောသည်။
"တယ်လဲ ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့"
မိန်းကလေးက ရှင်းပြသည်။
"ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင် ပျောက်သွားတယ်မဟုတ်လား"



ဖိုးကံကောင်း

လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း ချီးကျူးသည်။
ထို့နောက် သူငယ်ချင်းက မေးသည်။
"ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ"
ထီပေါက်သူက ဖြေသည်။
"ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး"
သူငယ်ချင်းက ပြောသည်။
"ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"

ကံကောင်းတဲ့ မောင်
လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော
၎င်း၏ဇနီးက ၀မ်းသာအားရပြောသည်။
"မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။
ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ"



အလေလိုက်တဲ့လူ

သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင် မျောနေလေတော့သည်။ သို့သော်လည်း
ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား ကျွန်းတစ်ကျွန်းသို့
သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင် တက်လာချိန်တွင်
သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို တွေ့လိုက်ရသည်။
ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက ၄င်းဘာမှမပြောနိုင်ခင်
လှမ်းအော်သည်။
"(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး အလေလိုက်နေသလဲ ပြောစမ်း"
မေးသင့်တယ်
မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။
"မေမေ … သတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်"
မိခင်ဖြစ်သူက စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။
"သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ ၀မ်းသာပျော်ရွှင်တဲ့ အထိမ်းအမှတ်အနေနဲ့
ဝတ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း
အဖြူရောင်က ကိုယ်စားပြုတာကွဲ့"
ချာတိတ်လေး ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။
"မေမေ … သတို့သားကရော ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"

ဘယ်လိုဖြေရမလဲ

မိဘနှစ်ပါး မင်္ဂလာဆောင်တုန်းက ရေခဲမုန့် အပြန်အလှန် ခွံ့နေကြသော ဓာတ်ပုံတွေကိုကြည့်ပြီး
(၅)နှစ်အရွယ် သားငယ်က မကျေမနပ် မေးသည်။
"အဲဒီတုန်းက သားကို ဘာလို့ ရေခဲမုန့် ခေါ်မကျွေးတာလဲ"
တယောဆရာ

လူနာကို ခွဲစိတ်ရန်အတွက် အားလုံးအသင့် ဖြစ်နေပြီဖြစ်သည် . .
. . လူနာက ခွဲစိတ်ဆရာဝန်ကို မေးသည်။
“ ဒေါက်တာ . . ကျွန်တော့ အူအတက်ဖြတ်ပြီးရင် တယောထိုးနိုင်မလား ခင်ဗျာ . . ”
“ ထိုးနိုင်ပါတယ်”
“ ဟန်ကျတာပဲ . . ကျွန်တော် တယော တစ်ခါမှမထိုးဖူးဘူး ။အခု ထိုးနိုင်တော့မယ်တဲ့”
စိတ်မဆိုးပါနဲ့

“ ခင်ဗျားဟာ အလွန်အလိုက်ကန်းဆိုး မသိတဲ့လူပဲ . .
ကျွန်တော့်ဇနီး ကိုယ်ဝန်ရှိနေပြီလို့ ကျွန်တော်က ပြောတယ် . . .
ဘယ်သူ့ ဗိုက်လဲလို့ ခင်ဗျားက မေးတယ် . . ”
“ တောင်းပန်ပါတယ်ဗျာ . . ကျွန်တော်က ခင်ဗျားသိတယ်ထင်လို့  ပါ”

တစ်ဈေးထဲပဲ

ဆိုဗီယက် ကွန်မြူနစ်ခေတ်က ဖြစ်သည်။
အစ္စရေးရှိ အမျိုးများထံသို့ ဂျူးတစ်ယောက် စာရေးသည်။
“တို့ဆီမှာ ဘာမဆို ဈေးကြီးတယ် ၊ ကြက်တစ်ကီလိုကို ၇-ရူဘယ်တောင် ပေးရတယ်”

ဂျူးကို ကေဂျီဘီရုံးသုံး ဆင့်ခေါ်ကာ သတိပေးသည် ၊
“ ခင်ဗျား ဒီစာမျိုး ဆက်ရေးနေရင် အပြစ်ပေးရလိမ့်မယ်”

ကြောက်ကြောက်လန့်လန့် နဲ့ အိမ်ပြန်လာပြီး ဂျူးသည် မိမိဧ။် အဝေးရောက်ညီငယ်ထံ နောက်စာတစ်စောင်ရေးသည် ။

“ တို့ဆီမှာ ပဒေသာပင်ခေတ် ရောက်နေပြီ ၊
တစ်နေ့ ငါ ဈေးဘက်ထွက်သွားတော့ ဈေးထဲမှာ ဆင်ကြီး တစ်ကောင်ကို ၄-ရူဘယ်ထဲနဲ့ ရောင်းနေတာ
တွေ့တယ် . .
ဈေး အင်မတန် ပေါတာပဲကွာ . . ဒါပေမယ့် ငါမှမလိုဘဲလေ လို့တွေးမိတယ် . .
နောက် ၃ရူဘယ် ထပ်ဖြည့်လိုက်ရင် ကြက်တစ်ကောင်ရပြီမဟုတ်လား ”
 



ခြေထောက်များသူ

တိရစ္ဆာန်တစ်စု ၀ိုင်းဖွဲ့ စားသောက်နေကြသည် ။
အာသွက်လျှာသွက် ဖြစ်နေသဖြင့် စကားဝိုင်းသည် စိုးပြည်လှသည် ။
အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။
တစ်နာရီ၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။

တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။
မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာပြောသည် ။

“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ”

မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်လိုက်ကြသည် ။
ငါးနာရီ ကြာမှ ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ၀ိုင်းအော်ကြသည် ။

“ဟေ့ကောင် ........ မင်းသွားတာကြာလှချည့်လားကွ”

“အရက်ဆိုင် ၀င်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ ”

“ ဘာဆိုင်းဘုတ်လဲ ”

“ဆိုင်ထဲမ၀င်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ ”

အရောက်ပို့တာ


ကောင်းဘွိုင်ကို ရက်အင်ဒီယန်းတွေ လိုက်နေသည်။ သေနတ်နှင့် ပစ်ရင်း ကောင်းဘွိုင်ပြေးသည်။
နောက်ဆုံး သူ၏ ခြောက်လုံးပြူးတွင် ကျည်တစ်တောင့်သာ ကျန်တော့သည်။

“ငါ ကိစ္စချောမှာ သေချာပြီ” ဟု ကောင်းဘွိုင်တွေးပြီး မထူးတော့ ဟု ဆုံးဖြတ်ကာ သေနတ်ပြောင်းကို နားထင်နား တေ့လိုက်သည်။

ထိုစဉ် ကိုယ်စောင့်နတ်က တိုးတိုးလေးပြောသည်။

“ ကိစ္စ မချောသေးဘူး။ ကျန်တဲ့ကျည်နဲ့ ရက်အင်ဒီယန်းတွေရဲ့ အကြီးအကဲကို ပစ်လိုက်”

ကောင်းဘွိုင် သေသေချာချာ ချိန်ပြီး ပစ်လိုက်သည်။ လူရိုင်းတွေ၏ အကြီးအကဲ မြင်းပေါ်မှ ကျသွားသည်။

ကိုယ်စောင့်နတ် တိုးတိုးလေးပြောသည်။

“ အခုမှ တကယ်ကိစ္စချောတော့မယ်။ ပြင်ထားပေတော့” 





ဖြစ်စေချင်တာ ဘာလဲ ပြော

မိန်းမက ယောက်ျားကို အပြစ်တင်စကားပြောသည်။

“ညက တစ်ညလုံး အိပ်မရဘူး။ ရှင်က ဟောက်တယ်။ ခွေးက ဟောင်တယ်။”

“ဘာလဲ.. ခွေးကို ဟောက်စေချင်ပြီး ငါ့ကို ဟောင်စေချင်တာလားကွ ဟေ?”


အကျင့်သိက္ခာ

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သားဖြစ်သူကို ပညာပေးနေသည်။

“ စစ်မှန်တဲ့ စီးပွားရေးသမား ဆိုတာဟာ အလုပ်မှာရော၊ အိမ်မှာပါ အကျင့်သိက္ခာကို
စောင့်ထိန်းရတယ်။ ဆိုကြပါစို့။ အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက အဖေ့ကို
အကြွေးတစ်သိန်း
ပေးစရာရှိတယ်။ ဒါပေမယ့် မှားပြီး သူ အဖေ့ကို နှစ်သိန်းပေးမိတယ်။ ဒီမှာ ဆုံးဖြတ်စရာ
ဖြစ်လာပြီ။ ပိုရတဲ့ငွေကို မင်းအမေ လက်ထဲ အပ်လိုက်မလား။ ဒါမှမဟုတ် အဖေပဲ
ယူထားလိုက်ရမလား ဆိုတာပဲ”

စိတ်အချရဆုံး

စစ်သင်တန်းဆရာက ရဲဘော်များကို မေးသည်။

“ အခုခေတ်မှာ စိတ်အချရဆုံး သေနတ်ဟာ ဘာလဲကွ”

ရဲဘော်အားလုံး ဖြေလိုက်ကြသည်။
“ကျည်ဆန်ထုတ်ထားတဲ့ သေနတ်ပါ”

ကြိုးစားကြည့်ပါလေ
ဆရာက မေးသည် ......
" ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ "
ပီတာလေး ချက်ခြင်းပြန်ဖြေသည်
" ရေထဲမှာ ဆရာ စကားပြောကြည့်ပါလားးးးး "

ဘယ်အချိန်လာရမလဲ
ဈေူးမဝယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည် ။
အမျိုးသား - အမကြီး ခ၇မ်းသီးတစ်လုံး ဘယ်လောက်လဲ
ဈေးသည်- မောင်လေးခရမ်းသီးက အချိန်နဲ့ ရောင်တာကွဲ့ 
အမျိုးသား - အဲ့ဒါဆို ဘယ်အချိန်လာဝယ်ရမလဲ ခင်ဗျ

မစားဘူး

"ခင်များချပေးတဲ့ အစိမ်းကြော် က သိုးနံရနေပါလား ကျုပ်မစားနိုင်ဘူး စားဖိုလ်မှုးခေါ်ပေးပါ "
" ခေါ်လို့ လဲ အပိုပါပဲ ဆရာ သူလည်းစားမှာမဟုတ်ပါဘူး"
-ဘ၀တူဆိုတော့-

လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။

လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။

"ဟေ့ကောင်.......မင်းဆင်းမှာလား
..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."

"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူးဆရာ...မဆင်းဘူး"

ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က

အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး

"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."

"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."

ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က

"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."

"ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."

ဘာကြောင့်ပြူးတာလဲ
ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။

ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။
ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။

ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။

အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။
အမေရိကန်သုတေသီတို့ အမေရိကန်နိုင်ငံကမြေကြီးကိုတူးတယ်။
၁၀ ပေလောက်ရောက်တော့ ကြေးနန်းကြိုးစကို စတွေ့တယ်။
အဲဒီတော့ အမေရိကန်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက ကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့တယ်လို့ ကြေငြာလိုက်တယ်။
ဂျပန်သုတေသီတွေကလည်း ထို့နည်းတူ ဂျပန်နိုင်ငံကမြေကြီးကိုသုတေသနလုပ်ကြတာပေါ့။
၅ပေလောက်မှာကြေးနန်းကြိုးကိုစတွေ့တယ်။
အဲမှာသူတို့လည်း ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၅၀ ကတည်းက ကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့တယ်လို့ ကြေငြာလိုက်တယ်။
မြန်မာသုတေသီတွေ မြန်မာနိုင်ငံကမြေကြီးကိုတူးတယ်။
၅ပေ၊ ၁၀ပေ၊ ၁၅ပေ ဘာမှမတွေ့ဘူး။
နောက်ဆုံး ကြေငြာလိုက်တာကတော့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာ့ငါးဆယ်ကတည်းက Wireless ဆက်သွယ်ရေး ထွန်းကားခဲ့တယ်တဲ့ခင်ဗျာ...။
*ဆိတ်ငြိမ်ရပ်ကွက်*

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"
"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."
*စိတ်ကောင်းရှိသူ*

နေရာတကာ စွာကျယ်ကျယ် ၀င်လုပ်နေသည့် ယောက္ခမကို ကိုဘမောင် သည်းမခံနိုင်တော့သဖြင့်
တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဖကို ဆွဲကိုင်ကာ တိုက်ခန်းပြတင်းပေါက်၏
အပြင်ဘက်သို့ ထုတ်လိုက်သည်။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင် အကြားစကားပြောနေခန်းမှာ
ဤသို့ဖြစ်သည်။
တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာသိလား..
ဟင့်အင်း..
ယောက္ခမကို ကိုမြ ပုဆိန်နဲ့ ခုတ်သတ်လိုက်တယ်ဗျ.. အောက်ထပ်က ကိုအောင်မြ
သူ့ယောက္ခမကို ဘယ်လိုလုပ်သလဲသိလား..

ဟင့်အင်း..
သူ့ယောက္ခမကို ရေနစ်သတ်ပစ်လိုက်တယ်.. အဲကျွန်တော်ကတော့ စိတ်ကောင်းရှိတဲ့သူ..
ဒါကြောင့် အန်တီ့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်..
ကိုင်း.. သွားပေတော့..

မမှတ်မိတော့ဘူး


အသက် (၈၀) အရွယ်အဘိုးကြီးက ဂေါက်ကစားနေတယ်။ ခက်တာက သူမျက်စိမကောင်းတော့ဘူး။
ဂေါက်သီးကို ထိအောင်ရိုက်နိုင်ပေမယ့် အဲဒီဂေါက်သီး ဘယ်ကိုကျသွားတယ်ဆိုတာ သူမမြင်ရဘူး။
အဲ့ဒါကြောင့် သူ့ဆရာဝန်က သူ့အတွက် ဂေါက်သီးရောက်ရာ ကြည့်ပေးနိုင်မယ့် အဖော်တစ်ဦးကို ရှာပေးပါတယ်။
အဲဒီအဖော်က အသက်(၉၀)ရှိပါပြီ။ ဒါပေမယ့် မျက်စိကတော့ အံ့အားသင့်စရာကို ကောင်းနေတုန်းပါ။
အဲဒီလိုနဲ့ ဂေါက်သီး စကစားပါတယ်။ အဘိုးကြီးက ဂေါက်သီးကိုလွှဲရိုက်လိုက်တယ်။ ပြီးတော့ သူ့အဖော်ကိုမေးတယ်။
‘ ဂေါက်သီး ဘယ်မှာကျသွားသလဲ ’ အဖော်အဘိုးကြီးက ပြန်ဖြေပါတယ်။ ‘ ကျုပ်မမှတ်မိတော့ဘူးဗျာ’

ခဏကလေး


ပိုးအိလေးက ဒဲလ်တာလေကြောင်းလိုင်းကို ဖုန်းဆက်စုံစမ်းတယ်။
“ကျေးဇူးပြုပြီးရှင် ဆန်ဖရန်စစ္စကိုကနေ နယူးယောက်ကို လေယာဉ်ပျံသန်းချိန် ဘယ်လောက်ကြာမလဲရှင့်”
တစ်ဖက် လေကြောင်းလိုင်းက စာရေးက အလုပ်သိပ်များနေတယ်။
အခြားတစ်ဦးနဲ့ ဖုန်းပြောနေတယ်။ အဲဒါကြောင့် ‘ just a minute ’ လို့ပြောလိုက်တယ်။
“အခုလိုသိရတာ ကျေးဇူးတင်ပါတယ်ရှင်” လို့ ပိုးအိလေးက သဘောကျသွားပြီး ဖုန်းချလိုက်ပါတယ်။
*စုပေါင်းဓာတ်ပုံ*

အတန်းပိုင်ဆရာမနှင့်အတူ လေးတန်း(အေ)မှ ကျောင်းသူ ကျောင်းသားများ စုပေါင်း
ဓာတ်ပုံ
ရိုက်ကြသည်။ ရိုက်ပြီးသောအခါ ဆရာမက ကလေးတို့ကို ဓာတ်ပုံတစ်ပုံစီ ဝယ်ကြရန်
တိုက်တွန်းသည်။
"ဓာတ်ပုံကို မင်းတို့ အမှတ်တရ ဝယ်ထားသင့်ကြတယ်။ ကြီးလာတဲ့အခါ ဓာတ်ပုံကို
ကြည့်ပြီး မင်းတို့ အမှတ်တရ ပြောနိုင်ကြမယ်။ 'ဒါကတော့မောင်နိုင်မင်းပဲ။ အခု
ခွဲစိတ်ဆရာဝန်ကြီး ဖြစ်နေပြီ' ၊ ' သူကတော့ မမင်းချို၊ တက္ကသိုလ်မှာ ကထိကကြီး
ဖြစ်နေပြီ' ၊ ' သူကတော့မိထက်၊ အခုတော့ နာမည်ကြီး ရုပ်ရှင် မင်းသမီး'
စသဖြင့်ပေါ့ကွယ်"
နောက်ဆုံးခုံတွင် ထိုင်နေသော ဗလာလေးထံမှ တိုးတိုးလေး ပြောသံ ကြားရသည်။
"အင်း။ အလယ်တည့်တည့် မှာ ရပ်နေတဲ့ ငါတို့ ဆရာမငှက်ကလေးတောင် သေသွားတာ ကြာပါပကော"
ရှိတာလေးနဲ့ လှအောင် ပြင်



တစ်ခါ က လင်မယားနှစ်ယောက် စကားပြောနေကြတယ်

မိန်းမ... ကိုရေ ခင့်သူငယ်ချင်းတွေ လေ သိလား သူတို့ အသီးအနှံတွေ ကိုညဘက်

အိပ်ယာဝင်ခါနီးတိုင်းမျက်နှာကို လိမ်းအိပ်တာ တဲ့ အသားအရည်သိပ်လှတာပဲ ကိုရဲ့

ယောကျာင်္း... အေးလေ တို့နောက်ဖေးမှာလည်း ငရုတ်သီးတွေ အများကြီး ကို ...

ကျွန်တော်ကသေချာတယ်
ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ
စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ်
တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို
ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။
ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။
ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က
သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."



အမှန်ကိုမြင်ပါ
ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။
သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး
ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့
ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့
ဘီဆိုက်လှန်လိုက်တာပေါ့" ဟူတည်း။
ရယ်ရလား-----မရယ်လည်းနေပေါ့-----ကို့ဘာသာကိုရယ်မယ်-----ဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး







Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်