-ရယ်စေသတည်း.-ငိုစေသတည်း

အညာကရွာတစ်ရွာမှာ သားကြီးလိုရှင်ပြုချင်သူတစ်ယောက်က သူတက်နိုင်သလောက်နဲ့ သားကြီးရှင်ဖြစ်အလှူက
လေးတစ်ခုလုပ်ဖို့ တိုင်ပင်သင့်တိုင်ပင်ရာဆွေမျိုးမိတ်ဆွေများနဲ့ တိုင်ပင်ပါတယ်။

ကိုယ့်ကံရှိလို့အလှုထည်သားတစ်ယောက်ထွန်းကားလာတာကိုဒီလိုဖြစ်ကတက်ဆန်းမလုပ်ပါနဲ့။သားသားနားနား
လေးဖြစ်အောင်စီစဉ်ပါ။သူကဆိုင်းထည့်မယ်၊သူကမဏ္ဍုပ်ဆင်ထည့်မယ်နဲ့ဝိုင်းပြီးမြောက်ပေးကြတော့ဟုတ်သလိုလို
ထင်ပြီးအလှုကိုသားသားနားနားလေးစီစဉ်လိုက်ပါတယ်။
အများကအကြံပေးတဲ့အတိုင်း ကျွေးရန် မွေးရန်ကိုလည်းအသားဟင်းပါစီစဉ်ပြီး ရွာနီးချုပ်စပ်ကပရိသတ်သုံးလေးရာလောက်ကိုလည်းဖိတ်စာကမ်းပြိး ဖိတ်ကြားလိုက်ပါတယ်။အညာရဲ့ဓလေ့ကအဲ့ဒီိလို
အကျွေးအမွေး ကောင်းကောင်းနဲ့ဧည့်ခံတဲ့အလှူဆိုရင်ရေစက်ဆုံအလှူငွေများလည်းခပ်များများလေးပူးပေါင်းပါဝင်
လေ့ရှိတာကိုး။
ဘာလိုလိုနဲ့ အများမြောက်ပေးတာနားယောင်ပြီး အလှူကိုစိစဉ်လိုက်တာအိမ်မှာနွားသုံးကောင်ရှိတဲ့အထဲကခိုင်း
နေကျ နွားတစ်ရှဉ်းကိုတော့ လောလောဆယ်ရောင်းထုတ်လိုက်ရတယ်။လောလောဆယ်လို့ပြောရတာကဆွေမျိုးမိတ်
သင်္ဂဟတွေ အလှူငွေထည့်ဝင်လာတဲ့အခါတော့ပြန်ဝယ်နိုင်ကောင်းရဲ့ဆိုတဲ့ တွက်ကိန်းနဲ့ပါ။
အလှူနေ့ရောက်တော့ မိုးတွေကရွာလို့ဖိတ်ထားတဲ့ ဧည့်သည်တွေ ရောက်မလာကြဘူး။ချက်ထားတဲ့ထမင်းဟင်း
တွေကိုတော့ရပ်မိ ရပ်ဖတွေစီမံချက်နဲ့ ထမင်းကိုအလကားယူ၊အသားဟင်းကိုတန်ရာတန်ဖိုးပေးပြီးကိုယ့်ရွာထဲက
အိမ်ပေါက်စေ့လိုလိုခွဲဝေရောင်းချပေးလို့ အချီးနှီးတော့ဖြစ်မသွားပါဘူး။တွက်ခြေမကိုက်တာတစ်ခုတည်းပါပဲ။
အလှူပြီးနောက်တစ်နေ့ မဏ္ဍုပ်တွေဘာတွေဖျက်သိမ်းပြီးချိန်မှာတော့ အလှူဒကာမှာစာရင်းပိတ်လက်ကျန်
အဖြစ်နွားတစ်ရှဉ်းပြုတ်သွားတာရယ်၊လှူနေဆဲကာလမှာ ခဲလေသမျှသဲရေကျဖြစ်ရလို့ ၀မ်းမသာနိုင်တာရယ်နဲ့
အတော်လေးဗရုတ်သုတ်ခနိုင်လိုက်ပါတယ်။
ဒါနဲ့ အလှုဒကာခမျာ အိမ်ရှေ့ကတလင်းပြင်မှာ ထိုင်ရင်း ကိုင်းကွ ...ဘယ်သူများမြောက်ပေးချင်ကြသေးလဲ၊
အိမ်မှာနကွက်ကလေးတစ်ကောင်ကျန်သေးတယ်။လာကြအုံးလို့ မချိတင်ကဲ ကြိမ်းဝါးလိုက်ပါသတဲ့..........။

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်