တွေးစရာလေး နဲ့ ပြုံးပါ

အညံ့မခံလိုပါ
မြားပစ်သင်တန်းတစ်ခုတွင် ဖြစ်သည်။ ဆရာက တပည့်ကို သေချာသင်ပေးနေသည်။
ဆရာက တပည့်ကိုရှင်းပြသည်။ “ဟိုမှာ ပြထားတဲ့ အဝိုင်းကြီးကို မှန်ရင်ငါးမှတ်ရမယ်။အဲဒီအဝိုင်းကြီးရဲ့အလယ်မှာရှိတဲ့
အဝိုင်းလေးကို မှန်ရင်တော့ ဆယ်မှတ်ရမှာပေါ့ကွာ” ဟု ပြောရင်းဆိုရင်း မြားတစ်စင်းကို ကောက်ကိုင်ပြီးပစ်လိုက်သည်။
ထိုအခါ မြားသည်အခြားတစ်နေရာရှိ သစ်ပင်တစ်ပင်ကို သွားမှန်လေသည်။
ထို့နောက် ဆရာကပြောလိုက်သည်မှာ......
“ မှတ်ထားတပည့် အဲဒီသစ်ပင်ကိုမှန်ရင် တစ်ဆယ့်ငါးမှတ် အပြည့်ပေးတယ်ကွ”
မဆူတက်တော့ ခိုင်းသလို
အိမ်တစ်အိမ်တွင် ၅နှစ်သားကလေးက လှေးကားပေါ် ပြေးတက်ပြေးဆင်းလုပ်နေသဖြင့်
ဖခင်ဖြစ်သူက စိတ်မရှည်စွာ လှမ်းမာန်မဲလိုက်သည်။
ဖခင်။  ။ မင်းလှေကားပေါ် လိမ့်ကျပြီး ခြေထောက်ကျိုးမှ ငါ့ဆီပြေးမလာနဲ့နော်
ခင်ဗျား ခိုင်းတာနော်
လူခြောက်ယောက် ဖဲရိုက်နေကြသည်။ စမစ်သ်သည် တစ်လှည့်ထဲပင်ဒေါ်လာ ၁၀၀၀ ရှံးသွားပြီးနောက်
ရင်ဘတ်ကို လက်ဖြင့်ဆုပ်ရ်ုဒယိမ်းဒယိုင်ဖြစ်လာပြီး လဲကျသွားသည်။ထို့နောက် စားပွဲတွင်ပင် သေဆုံးသွားသည်။
သူ့မိန်းမထံ သတင်းသွားပြောမည့်သူကို ရွေးချယ်ရန် သူတို့ ကံစမ်းမဲနှိုက်ကြရာ ဂျွန် ပေါက်လေသည်။
ကျန်လူများက ဂျွန်ကို သတိပေးကြသည်.....“ ပြောတဲ့အခါ ညင်ညင်သာသာ ရှိပါစေကွာနော်”
ဂျွန်။     ။ ငါ့တာဝန်ထားစမ်းပါ
စမစ်သ် မိန်းမ တံခါးလာဖွင့်သောအခါ ဂျွန်က ပြောလိုက်သည်။
ဂျွန်။    ။ ခင်ဗျား ယောက်ျား ဒေါ်လာ ၁၀၀၀ ဖဲရှုံသွားပြီ ဗျား
သူ့မိန်းမက မျက်လုံးများ မီးတောက်သကဲ့သို့ အရောင်ထွက်လာပြီး အော်ပြောလိုက်သည်။
“ လဲသာသေလိုက်တော့လို့ သူ့ကိုပြောလိုက်”
အဆင်မပြေဘူး
လူကြီးတစ်စု ဥပုသ်နေ့၌် ဆုံမိကြရာ ဝိုင်းဖွဲ့ရု မိမိသားသမီး များတော်ကြောင်း၊ ထူးချွန်ကြောင်း၊ လိမ္မာကြောင်း
ပြောကြရာ တစ်ယောက်သော လူကြီးက စကားမပြောဘဲ ငြိမ်သက်နေသဖြင့်
“ ဘယ်လို့လဲ ဘုရားဒကာ ခင်ဗျားမှ သားရှိတယ်မဟုတ်လား”
ခင်ဗျား သား အလုပ်အကိုင်းအကြောင်းပြောပါဦး” ဟုမေးရာ
လူကြီးက။    ။ ကျုပ်သားဗျာ ကုမဏီတွေ ခေတ်စားတော့ ကုမဏီဖွင့်ဖို့ ကြိုးစားခဲ့တယ်
ဒါပေမယ့် မအောင်မြင်ဘူး” အဲ ရှော(လ်)ပင်းစင်တာတွေ ခေတ်စားတော့လည်း စင်တာတစ်ခု ဖွင့်ဖို့ကြိုးစားခဲ့တယ်။
ဒါလည်း အရင်လိုပဲ မအောင်မြင်ပါဘူး” နောက် “ ဘဏ်တွေခေတ်စားတော့ ဘဏ်ဖွင့်ဖို့ ကြိုးစားတယ်။ထုံးစံအတိုင်းပါဘဲ
အောင်မြင်မှုမရခဲ့ပါဘူးဗျာ”
“ဒါဖြင့် အခုဘာလုပနေလဲ” တစ်ယောက်သောမိတ်ဆွေကမေးလိုက်သည်။
လူကြီး။  ။ ဘာလုပ်ရမှာလဲဗျာ နောက်ဆုံးဘဏ်ဖွင့်ရင်တန်းလန်းရဲ နဲ့တိုးလို့ အခုထောင်ကျနေတယ်လေ..
ဖတ်မိခဲ့သမျှ ဟာသလေးပါ
သူငယ်ချင်းတို့ပျော်ရွှင်နိုင်ကြပါစေ။ ကြိုးစားလျက်

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်