Posts

၃နှစ်သား မြန်မာကလေးငယ် ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင်

Image
အလင်းကမ္ဘာ ဆုဒ် တွင် vampire    တင်ထားသော စာလေးအား မသိသေးသူများ သိရအောင် ကူးယူတင်ပြပါသည်။ ဒီထက်ပြည့်စုံစွာသိသူများရှိပါက ပြန်လည် ကာမှတ်ချက်ရေးပေးစေလိုပါသည်။  Youtubeတွင်ပျံ့နှံ့နေသည့်အသက် ၃ နှစ်အရွယ်သာ ရှိသေးသော ကလေးငယ်၏ ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင် အသက် ၃ နှစ်ကျော် ယောင်္ကျားလေး တဦးဟာ ထူးခြားတဲ့ ပါရမီ ရှင်လေးဖြစ်မယ်လို့ ပြောနေကြပါတယ်။  အသက် ၃ နှစ်တာ ကလေးငယ်တဦးက ရဟန်းတော်ကြီးတပါးလို တရားတွေဟော၊ သီလတွေ ပေးပြီး  တကယ့် မထေရ်ကြီးလို ဟောပြောနေတာကို Cho Yee ရဲ့ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာမှာ   တင်ထား တာ လူကြိုက်အလွန်များလျှက် ရှိပါတယ်။  တချို့ မှတ်ချက်ရေးသူတွေကလည်း မထေရ် တပါးပါး လူပြန်ဝင်စားတာလားလို့ ရေးသားထားကြပါတယ်။  ဘာပဲပြောပြော ဒီ ဗီဒီယို ရုပ်မြင်သံကြားကို ကြည့်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့သွားမယ်လို့  ယုံကြည်လို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ http://aungthetkhing.blogspot.com/ YOUTUBE ကမှတ်ချက်လေးပဲး ကူးချလိုက်ပါတယ်။ဖတ်ရှူသူအားလုံ ကျေးဇူးပါ။     ...

ဖရဲသီကြောင်း

  ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။   မှတ်ဉာဏ်ကောင်းစေတယ် မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင် စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်တာကာကွယ် ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ က...

ဘီယာဖောဖောခြင်းကြောင်း

Image
သင်ဟာ ဘီယာကို နှစ်ပေါင်းများစွာ သောက်သုံးခဲ့လို့ ယခုတော့ သင့်ရဲ့ ဗိုက်ဟာ စည်ပိုင်းလေးလို ပူနေပြီလား။ သင်ဟာ ဒီလို “ဘီယာဗိုက်” ပိုင်ရှင် ဖြစ်နေခဲ့ပြီ ဆိုရင် သေချာတာ တစ်ခုက သင်တစ်ယောက်တည်း မဟုတ်ပါဘူး ဆိုတာပါပဲ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘီယာ စွဲစွဲမြဲမြဲ သောက်သုံးသူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဗိုက်ရွှဲလာဖို့ သေချာပါတယ်။ အထူးသဖြင့် ယောက်ျားတွေက ဘီယာသောက်တာချင်း အတူတူ မိန်းမတွေထက် ပိုဗိုက်ရွှဲကြကြောင်း သိရပါတယ်။ ဘီယာဗိုက်လို ဗိုက်ရွှဲရွှဲဟာ ဘီယာကြောင့်ပဲ ဖြစ်ရတာလား ??? ဘီယာသောက်သူတိုင်းမှာ ဘီယာဗိုက် မရှိကြသလို တချို့ အားကစားသမားတွေဟာလဲ အသက်အရွယ် နည်းနည်းလေး ရလာရုံနဲ့ အရမ်းဗိုက်ပူ တတ်ကြပါတယ်။ ဒါဆို ဘယ်အရာက အမျိုးသားအများစုနဲ့ အမျိုးသမီးအချို့ကို ဗိုက်ရွှဲစေတာ ပါလိမ့်။ အဖြေက ရှင်းပါတယ်။ သင့်ရဲ့ သေသပ်ချပ်ရပ်တဲ့ ခါးကို ဘောင်းဘီရှေ့မှာ ပူထွက်လာစေတာ ဘီယာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကယ်လိုရီတွေ များများ စားလို့ ဖြစ်ပါတယ်။ နေ့စဉ်စားလိုက်တဲ့ အစားအသောက်တွေထဲမှာ ပါတဲ့ ကယ်လိုရီ ဆိုတဲ့ စွမ်းအင်ပမာဏထက် အဆမတန် လှုပ်ရှားမှုနည်းရင် ဗိုက်မှာ အဆီစုလာမှာ သေချာပ...

သူငယ်ချင်းလေး ရေ

အမှောင်ရဲ့  ချောင်လေးထဲမှာ နောက်ကျောက ဒဏ်ရာ ကုစားရင်း လဲပြို အဓိပ္ပါယ်မဲ့ နေတဲ့ ငါ .........။ " လဲနေသူအတွက် တစ်ချက်လောက် ရပ်နိုင်ရင် အနာဂတ် ရှိတယ် " စကားသံနဲ့  ကမ်းပေးလာတဲ့ လက်ကလေး ငါ..ငေးနေမိခဲ့တယ် ၊ တစိမ့်စိမ့် စီးမျောသွားတဲ့ ရင်ထဲမှာ အရာတိုင်းကို မျှော်လင့် ချင်လာတယ် ကမ်းလက်ကလေးကို ဆုပ်ကိုင်ရင်း ယိုင်လဲသွားတဲ့ ငါ့..မျက်ရည် ပျော်လို့ ပါ ..ကောင်မလေးရယ် ၊ ဘယ်လောက် ပျော်သွားလဲဆိုရင် မျက်ရည်တွေကို မေးကြည့်လိုက်ပါ ပြောပြနိုင်မှာပါကွာ ၊ " ပထမခြေလှမ်းထက် ပိုအရေးကြီးတဲ့ ခြေလှမ်း ဆိုတာမရှိဘူး အဲဒိအတွက် ဖိနပ်ဆိုတဲ့ အဖော်လည်း ရှိရမယ် " ကောင်မလေးရေ မင်းပြောတဲ့စကားတွေ မင်းကိုယ်တိုင် စီးပေးလိုက်တဲ့ ဖိနပ် ကိုစီးနင်းရင်း ခြေတစ်လှမ်း လှမ်းတိုင်း မင်းနဲ့ ငါ ဝေးသွားနိုင်တာ တွေးမိရဲ့ လား " သတိရတိုင်း လှည့်ကြည့်နေရင် နောက်ကျနေလိမ့်မယ် လေ " ကျေးဇူးပါ ကောင်မလေး ရေ ငါ လျှောက်လှမ်းပါ့မယ် ယုံကြည်မှု့  ကင်းမဲ့ခဲ့တဲ့ လောကကြီးကို မင်းရဲ့ အားပေးခြင်း တွေနဲ့  ရင်ဆိုင်မယ် တစ်ခုလောက် မှာ ခဲ့ပါရစေ ကောင်မလေးရယ် မင်းရဲ့ ပါးပြင်မှာ မျက်ရည်တွေ စီးဆင်းလာခဲ့ရင် ငါ့ကို အော်ဟစ်ခေါ်လိုက်ပါနော် ...

ှုငယ်ကျွမ်းဆွေ

ကိုယ်အလေးချိန် လျှော့ချဖို့ လိုအပ်ချက် ၅ချက်

Image
လူအများစုက သူတို့ဝိတ်လျှော့တဲ့အခါ တစ်နေ့ကို ဘာအစားတွေပဲ ရွေးချယ်ပြီ စားရမယ်ဆိုတာကို ညွှန်ပြပေးတဲ့ diet လုပ်နည်းကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ၊ ညဘက်မှာ ဂေါ်ဖီထုပ်ပြုတ်လောက် စားတဲ့ diet နည်းလိုမျိုးပေါ့။ သို့ပေမယ့် ဒီလို diet လုပ်တဲ့အခါ အလုပ်ဖြစ်ရဲ့လားဆိုတာတော့ အလုပ်ဖြစ်ပါတယ်။ တကယ်လည်း အစားအသောက်တွေ ရွေးချယ်ပြီ စားရင် ၀ိတ်လျှော့ကျသွားပါတယ်။ သို့သော် ဒီလို ၀ိတ်လျှော့သွားသော်လည်း မည်သူမျှ dietကို အမြဲတစေမလုပ်နိုင်သည်မို့ ၀ိတ်ကျသွားသည်မှာလည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် diet လုပ်နေသည်ကို ရပ်တန့်လိုက်တာနှင့် အရင်ကိုယ်အလေးချိန်ကို ပြန်ရောက်သွားပြန်ရော။ ကဲ၊ ဒီလိုဆို diet လုပ်လိုက် ၀ိတ်လျှော့လိုက်၊ ရပ်လိုက် ပြန်ဝလိုက် သံသယာတော့ လည်နေပြီ။ ဒါကြောင့် နောက်တစ်နည်းအနေနဲ့ Diet လိုခဏတာပဲ စားတဲ့နည်းမဟုတ်ပဲ၊ အမြဲလည်း စားလို့ရ၊ တကယ်လည်း ပိန်စေမယ့် နည်းရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ အစားအသောက်၊ အနေအထိုင် အလေ့အကျင့်ဟောင်းတွေကို ပြောင်းလည်းလိုက်တာနဲ့ ပိန်လည်းပိန်၊ ကျန်းမာရေးအတွက်လည်း ပိုကောင်းသွားမှာ သေချာပါတယ်။ ဥပမာ အရင်က မနက်စာကို မစားတဲ့သူက မနက်စာ များများ စားပေးရမယ်၊ အရင်က ညစာ...

စစ်ကိုင်းဆရာတော်၏သြ၀ါဒများ

၁။ သွား၊ရပ်၊ထိုင်၊လျောင်း၊ ဣရိယာပုတ်လေးပါးတို့၌ အကုသိုလ် မဖြစ်ရ။ ကုသိုလ်တရားသာ ဖြစ်အောင် နုလုံးသွင်းရမည်။ ၂။ အကုသိုလ်ဖြစ်သော အချိန်ကာလကို မရှိစေရ၊ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကိုလွန်စေ ရမည်။ ၃။ ကောင်းမကောင်းဖြစ်သော ကံဟောင်းကို မမျှော်လင့်ရ။ ကောင်းသောကံသစ်ကိုသာ ဖြစ်ပွားအောင် အားထုတ်ရမည်။ ၄။ အကျိုးကို အားမထုတ်ရ၊မကျင့်ရ ။ အကြောင်းကိုသာ ဖြောင့်မှန်အောင် အားထုတ်ကျင့်ကြံရ မည်။ ၅။ အကျင့် အတုအယောင်ကို မဖြစ်စေရ။ အကျင့်အစစ်အမှန်ကို ကျင့်ရမည်။ ၆။ ကိုယ်၏အကျင့်ကို တစ်ပါးသူမသိစေရ။ ကိုယ့်အကျင့်မှန်မမှန်ကို ကိုယ်တိုင်သိအောင် ဆင် ခြင်ရမည်။ ၇။ သူတစ်ပါးကိုအားမကိုးရ။ မိမိကိုယ်သာအားကိုး၍ ကျင့်ရမည်။ ၈။ မိမိကမကျင့်မှု၍ သူတစ်ပါးအား မဆုံးမရ၊ ကိုယ့်ကိုယ်ကိုသာ ယဉ်ကျေးအောင်ဆုံးမရမည်။ ၉။ သူတစ်ပါး၏အပြစ်ကိုမရှုရ၊ ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်အောင် ရှု၍ အပြစ်လွတ်အောင် ပြုရမည်။ ၁၀။ သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ လိုချင်သော သမ္မာဆန္ဒကို ဖြစ်စေရမည်။ ၁၁။ ပစ္စည်းရအောင်မကျင့်ရ။ တရားကောင်းအစစ်ကိုရအောင်ကျင့်ရမည်။(ဓမ္မဒါယာဒ) ၁၂။ အပေါင်းအဖော်နှင့်ပျော်၍ သူများနှင့် သင့်အောင်မနေရ။ ရုပ်နာမ်...

ထာဝရသယ်ရင်း

တေးထပ် ( တထပ်ကျော့ - ပုလဲသွယ် ) ထာ       ၀စဉ် ရွှင်လန်းလို့ ၊ မြင်အဆန်း - တက်နေ ၊ ၀           င်စမ်း - လက်စေရောင်ကို ၊ ကျက်သရေ - ဆောင်နှင်း ။ ရ          င်ထဲ - ရင်ဘ၀င် ၊ ရွှင်အရင် -မြူးတဲ့ - ယဉ်မင်း ။ သူ        တိုင်းထက် - ညွန့်ဝေေ၀ ၊ ကွန့်နေစေ - ပြိုင်မြင်း ။ ငယ်      သောသူ - တောက်လျှင်းဖို့ မြှောက်အဆင်း - ဆောင်ကာ ၊ ချင်း      ချင်းဆုံ - သာစေကြပါပေါ့ ၊ စာဂေန - ထွန်းစို့ကြန်လာ ။ များ      လူရှင့် - ရှု့ကြသဖွယ် ၊ ခုဘ၀၀ယ် - ကြုံဆုံရတာမို့ ၊ အ       တူမို့ - သွားလေလေ ၊ အားတို့စုံနေ ။ ဖွဲ့       တော်သား - ဂုဏ်မငယ်တယ် ၊            ခြုံတကွယ် - မေ့ဘူးကွယ့်လေး ။                ။

အရွယ်အိုလဲလူပျိုဖို့

Image
  ·  အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသားအရေကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသားအရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တို့၏ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ (၁) သင်္ဘောသီး   သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်းအင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာက အသားအရေကို တောက်ပစေပြီး သက်ကြီး အစက်အပြောက်တွေကို လျော့ကျစေပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ်ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံ့ပြီး ချောမွေ့ တောက်ပစေပါတယ်။ ဘယ်လို လိမ်းသင့်သလဲ သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်။ သင်္ဘောသီး အနှစ်ကို ကြေညက်အောင် ချေပြီး မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ လိမ်းတဲ့အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန်တဲ့ သင်္ဘောသီးကို စားပေးနိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီ...

ဒညင်းသီ၏ဆိုးကျိုးများ

Image
  ဒီတစ်ခါတော. ကျန်းမာရေးအကြောင်း ကျနော်ဖတ်ဖူးတာလေး မျှဝေချင်ပါတယ်။ အစားအသောက်တွေထဲက အသီးတစ်မျိုးရဲ.အကြောင်းပါ။ ဒီအသီးကို  တော်တော်များများစားဖူးကြပါတယ်။ ထမင်းဝိုင်းတွေမှာ အတို.အမြှုပ်အဖြစ်စားကြ၊ ကြိုက်ကြပါတယ်။တကယ်ကျတော. ဆေးပညာအနေနဲ.ဆိုရင် ဒီအသီးကို မစားသင့်  ဘူးဆိုတာ စာအုပ်ထဲမှာ ဖတ်မိပြီးသိခဲ့  ရပါတယ်။ ဒါကြောင့်  ပြန်ပြီးမျှဝေ လိုက်ပါတယ်။  အားလုံးသိကြတဲ.အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော. တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ.Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော. လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ  ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့် တတ်တဲ့  အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နို...

ပန်းသီ၏ကျန်းမာရေးအာနိသင်

Image
ပန်းသီး ရဲ့ ကျန်းမာရေး အစွမ်းထက်ပုံ တွေကို လေ့လာထားတဲ့ အထဲကနေ ထုတ်နုတ်ပြီး သူငယ်ချင်းတွေ အားလုံး သိရှိ စေရအောင်လို့ ဒီနေ့ ပိုပို တင်ပြပေးလိုက် ပါတယ်။ပန်းသီး ရဲ့ထူးခြားတဲ့ အာနိသင်တွေ မှာ (၁) အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။ (၂) ပန်းနာရင်ကျပ် ရောဂါများကို သက်သာစေပြီး ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေခြင်း။ (၃) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာ ရောဂါကို တားဆီး ကာကွယ် ပေးခြင်း။ (၄) မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့ခြင်းစသည့် ဇရာ ရောဂါများ ဆောလျင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးပေးခြင်း။ (၅) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။ (၆) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်းနှင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်ခြင်း။ (၇) ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ ကျစ်လစ် စေခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်ပါတယ်။ (၈) အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း ပန်းသီးတွေထဲမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးထဲကို ရောက်ရှိတဲ့အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှ...

ရယ်ရမယ်

သိနားလည်မှု “မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ” “ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်” “ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ” xxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxx အိုဘယ့် စာရေးဆရာ “စာအုပ်တောင် မထွက်သေးဘူး၊ အရက်ဖြတ်နည်းစာမူအတွက် ငွေလာတောင်းတယ်ဆိုတော့ ဘာတွေများ အရေးတကြီး သုံးစရာရှိလို့လဲဗျ” “အရက်သောက်ဖို့ ဘိုင်ကျနေလို့ပါဗျာ” xxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxx သူ့လက်ရာ “မောင်၊ ဒီနေ့ ကျွန်မ ချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင်” “ကောင်းတယ် မိန်းမရာ၊ ချိုပြီး ဆိမ့်နေတာပဲ” “မဟုတ်သေးပါဘူးတော်။ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ ရေးထားတယ်ရှင့်” xxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxx xxxxxxxxxxxxxxxxxx ထီးတစ်လက်ရဲ့သံသရာ “အခုလာရတဲ့ကိစ္စကတော့ လွန်ခဲ့တဲ့ သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ” “ဟောဗျာ- သူငယ်ချင်းတစ်ယောက် မနေ့က အိမ်လာလည်ရင်း ခဏငှားသ...

သောတာပန်တို့၏စိတ်နေသဘောထားခုနစ်ချက်နှင့် သောတာပန်ဖြစ်ကြောင်းအင်္ဂါလေးပါး

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ကောသမ္ဘီမှာ အဘိဓမ္မာနိုင်တဲ့ရဟန်းတစ်ပါးနဲ့ သုတ္တန်ဝိနည်း ခေါင်းဆောင်တစ်ပါးတို့ဟာ ကုဋီတက်ကြတော့ ရေကျန်ကလေးကိုတွေ့၍ အချင်းများပြီးကွဲသွားကြတာဟာ လူတွေသာမက ကိုယ်စောင့်နတ်၊ရွာစောင့်နတ်ကစပြီး၊ နတ်ပြည်ခြောက်ထပ်အထိသူ့ဖက်ကိုယ့်ဖက် နှစ်ခြမ်းကွဲ သွားပါတယ်။ အဘိဓမ္မာရဟန်းက အမှတ်တမဲ့နဲ့ ကုဋိမှာရေကလေးတဝက်ချန်ထားခဲ့မိ၍ ဝိနည်းခေါင်းဆောင် ရဟန်းကအပြစ်ပြောရင်း နှစ်ခြမ်းကွဲသွားတာပါ။ အဲဒါကိုမြတ်စွာဘုရားသိတော်မူတဲ့အခါဆုံးမသော်လည်း မရ၍ ရွှေဥာဏ်တော်နှင့်ဆင်ခြင်တော်မူတဲ့အခါ ဒါဟာဝိပါကဝဋ်တရားပါလားဆိုပြီး ပလလဲတောကိုကြွသွားတော်မူပြီး နောက် ငြိမ်းအေးတဲ့အခါရောက်မှ အရှင်အာနန္ဒာကပင့်၍ ပြန်ကြွလာတော်မူပြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်ဖြစ်ပါတယ်။ အသေးအဖွဲ့ကိစ္စကလေးမှစ၍ ယခုလိုဖြစ်ကြတာဟာ ပုထုဇဉ်စိတ်ထားကြောင့်ဖြစ်တဲ့အကြောင်း၊ သောတာပန် ဆိုရင်ဒီလိုမဖြစ်နိုင်ကြောင်း သိစေချင်တာကြောင့် သောတာပန်တို့ရဲ့ စိတ်နေအထားကို အောက်ပါ(၇)ချက်ပြ၍ ဟောကြားတော်မူခြင်းဖြစ်ပါတယ်။ အဲဒီအချက်တွေကဘာတွေလဲလို့ဆိုတော့ ၁။ သောတာပန်အနေနဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာအစရှိတဲ့ တရားတွေကိုသာ ပ...

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

Image
ြ ကံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။ ကျန်းမာကြံ့ခိုင်စေပါတယ် ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ် ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။ ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ် ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ စွမ်းအင်ရရှိစေပါတယ် ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စ...

ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

Image
စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်.. ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ ကတော့ ၁။ ဆီးချို သွေးချိုရောဂါ ၂။ HIV ရောဂါ ၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. . ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . . ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပ...

ခေါင်းကိုက်တာပျောက်ချင်ရင်

Image
မကြာခဏ ခေါင်းကိုက်တတ်ပါသလား။ ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင် -     တရေးတမောအိပ်လိုက်ပါ။ အချိန်အကြာကြီးမအိပ်လိုက်ပါနဲ့။ အချိန်အကြာကြီး အိပ်စက်လိုက်ရင် ခေါင်းကိုက်ခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ်။ -    အသက်ပြင်းပြင်းရှုပါ။  အသက်ဝအောင် ရှုသွင်းပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ ခေါင်းကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။ -   ညင်သာစွာ နှိပ်ပေးပါ။  နှိပ်နယ်ပေးခြင်းဟာလည်း နာမည်ကျော်တဲ့ နည်းတစ်ခုပါပဲ။ နားထင်ကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာ နှိပ်ပေးပါ။ နဖူးကိုလည်း လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးပါ။ - ...

နုပျိုကာ အရွယ်တင်မဲ့ သဘာဝရဲ့ အာဟာရများ

Image
  နုပျိုကာ လှပစေဖို့အတွက် အစားအသောက်တွေကလည်း အရေးပါနေပါတယ်။ သုတေသနတွေအရ လေ့လာထားတဲ့ အောက်ပါ သဘာဝ အစားအစာတွေဟာ အနာကျက်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပြီး မျက်နှာ အသားအရေကို နုပျိုကာ အရွယ်တင် လှပစေပါတယ်။ (၁) ဖရဲသီး ခရမ်းချဉ်သီး၊ ဖရဲသီး စတဲ့ နီဝါရောင် သစ်သီးတွေဟာ ဘီတာ ကယ်ရိုတင်းနဲ့ လိုင်ကိုပင်းဓာတ် ပေါကြွယ်ဝပြီး အန္တရာယ်ရှိတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ် မခံရအောင် ကာကွယ် ပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ် နှစ်မျိုးစလုံးဟာ အရေပြားရဲ့ အပြင်လွှာမှာ ရှိနေကြတာကြောင့် သူတို့ထဲမှာ ပါဝင်နေတဲ့ အင်တီ အောက်ဆီးဒင့်ဓာတ်ဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားဆဲလ်တွေရဲ့ ထိခိုက် ပျက်စီးမှုကိုလည်း ပြန်လည် ပြုပြင် ပေးပါတယ်။ ပြင်သစ် လေ့လာမှု တစ်ရပ်အရ ဖရဲသီးစားပေးတာဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ထိခိုက်မှုကို ၂ဝရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။ (၂) ဖရုံစေ့  အစွမ်းထက်တဲ့ အရေပြား ကာကွယ် ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင်အီးဟာ ရွှေဖရုံစေ့၊ နေကြာစေ့နဲ့ သီဟိုဠ်စေ့တွေမှာ အများအပြား ပါဝင်နေပါတယ်။ ဗီတာမင်အီးဓာတ် ဆုံးရှုံးရင် အရေပြားရဲ့အရည်အသွေးနဲ့ တင်းရင်းလှပမှုတို့ကို လျော့ပါးစေပါတယ်။ အကြောင်းကတော့ ဗီ...

လှပသော ခန္ဓာကိုယ် ထိန်းသိမ်းဖို့ ၆ချက်

Image
’မိမိတို့ နေ့စဉ် စားနေကျ ထမင်းဖြူ၊ ပါမုန့်ဖြူ၊ သကြားလုံး၊ ဆိုဒါ၊ အချိုရည် တွေဟာ ခဏအတွင်းမှာ အစားကို အလွယ်ခြေနိုင်တာမို့ အချိန်တိုအတွင်းမှာပဲ ပြန်ဆာလောင်စေပါတယ်။ ထို့ပြင် အာဟာရ အရမ်းမများပဲ၊ ကယ်လိုလီအများဆုံး ပါဝင်တာမို့ ခန္ဓာကိုယ် ပိုမိုဝစေပါတယ်။ ဒါကြောင့် အစာခြေဖို့ မလွယ်တဲ့ ပါမုန့်ညှိ၊ ဆန်လုံးညှိ၊ ပဲ၊ ပဲသီး နှင့် ဟင်းသီးဟင်းရွက်တွေကို များများစားပေးမယ်ဆိုရင် ကျန်မာရေးနဲ့လည်း ညီညွှတ်ပြီ ကယ်လိုလီနည်းနည်း ပါဝင်သည်မို့ ခန္ဓာကိုယ်ကို သွယ်လျ လှပစေပါတယ်။ ထို့ပြင် လှပသော ခန္ဓာကိုယ်ကို အမြဲထိန်းသိမ်းနိုင်ဖို့ လှိုဝှက်ချက် ၆ချက်ရှိပါတယ်။ ၁။ မနက်စာ မှန်မှန်စားပါ - မနက်စာ မှန်မှန်စားပါ။ မနက်စာ နွားနို့၊ ပါမုန့်ညှိ၊ သစ်သီး၊ ကောက်ပဲသီးနှံ တွေ စားပေးပါ။ မနက်စာ စားခြင်းဖြင့် မှတ်ဥာဏ် ပွင့်လင့်ခြင်း၊ တနေကုန် အလုပ်လုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး တွေရှိပါတယ်။ အထူးသဖြင့် ကလေးတွေမှာ မနက်မစားပဲ ကျောင်းသွားမယ်ဆိုလျှင် တခြားကလေးတွေထက် အတန်းထဲမှာ စာမလိုက်တာတွေ ကြုံတွေ့လာနိုင်ပါတယ်။ ၂။ နေ့လည်စာ ပရိုတင်းနဲ့ ကာဖိုဟိုက်ဒိတ် ညီမျှအောင် စားပေးပါ - ၀ိတ်ချတဲ့ အချိန်မှာ နေ့လည်စာကို ကာဖိုဟိုက်ဒ...

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့

Image
သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့ Sunday, October 28, 2012 လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာအခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့သူတွေအတွက်လည်း ထူးခြားတဲ့ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ် တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါ တယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ် ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့ ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့ ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက် တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက...

ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ

Image
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။  (၁) ဆေးလိပ်မသောက်ပါနှင့်  ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။  (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်  ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။  (၃)လက်ဖက်ရည်မသောက်ပါနှင့်  လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ် အစာချေရန် အခက်အခဲဖြစ်စေသည်။  (၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်  ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော...