အလွမ်း

 
လွမ်းစရာရှိရင်
နာတာနဲ့ဖြေတဲ့...
နာစရာမရှိတော့...
ဘယ်လို အလွမ်းပြေမလဲ...


ရင်အစုန်ကို ကန်လို့..
သူထွက်သွားခဲ့ရင်တောင်မှ..
ဒီခြေရာလေးကိုပဲ
တသသလွမ်းကျန်ရစ်လေမလားပဲ...


လွမ်းဖို့အတွက်နဲ့တော့..
သီချင်းသံလည်းမလို.. လမင်းကြီးလည်းကြည့်ဖို့မလို...
အတူတူထိုင်နေကျ ဘုရားထောင့်လေးကို မြင်တိုင်း...
အလွမ်းမျက်ရည်က အလိုလိုစီးကျလျက်...


အလွမ်းပြေဖို့..
ငါသီချင်းဆိုနေတာ မဟုတ်...
အလွမ်းပြေဖို့..
ငါစာရေးနေတာ မဟုတ်...
သီချင်းဆိုရင်း စာရေးရင်းက..
အလွမ်းတွေကို မွေးဖွားနေတာပါ...

မင်းဖန်တီးပေးတဲ့ အလွမ်း..
ငါဖန်တီးလိုက်တဲ့ အလွမ်း...
အလွမ်း အလွမ်းတွေ ယှက်နွယ်လို့..
အလွမ်း power infinity တွေနဲ့..
မောင့်ရင်ထဲမှာ အပြည့် တည်နေပြီ အချစ်ရယ်....


ဟိုတစ်ပုဒ်ရဲ့ အဖြေအဆုံးသတ်လေး မပေးခင်မှာ ဒါလေး ကြားကားဝင်ဆွဲပါရစေ..။ :D..။ အဲဒီအဖြေကို စကားလုံးတန်ဆာဆင်ဖို့ ခေါင်းခြောက်နေလို့ပါ...။ :D..။  ကဗျာမရေးတတ်တဲ့ ကျွန်တော့်အတွက် သိပ်ကို အရည်အသွေး ညံ့ဖျင်းလွန်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

Comments

Popular posts from this blog

သရဲပစ်ဂိမ်း

Bus ကား​ပေါ်က သမင်​မ​လေး

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်