ဘ၀လမ်းထက်ဝယ်

မတ်တတ်မရပ်နိုင်တော့လို့လေးဖက်ထောက်သွားရင်း
မျက်စိရှေ့ကပျောက်ကွယ်လုနေတဲ့
မျော်လင့်ချက်ရောင်ခြည်တစ်ခုဆီသို့
မှိတ်တုတ်မှိတ်တုတ်ပညာဖယောင်းတိုင်လေးဖြင့်
မှောင်ရီဝိုးတ၀ါး လမ်းတွေကိုလက်ဖြင့်စမ်းရင်း
ငါလျှေက်လာတယ်
ကြိုးတန်းပေါ်ကလျှောက်ရသူလိုရင်တထိတ်ထိတ်နဲ့ပေါ့
နဘေးမှာကူညီသူမဲ့ချစ်သူဆိုဝေးလာဝေး
အသူရာနက်တဲ့ခြောက်ကြီးတွေနဲ့
ကျသွားရင်ပြန်တက်ရဖို့လမ်းမမြင်
မှိတ်တုတ်မှိတ်တုတ်ဖယောင်းတိုင်ကိုထိန်းရင်း
မငြိမ်းသွားပါနဲ့ဖယောင်းတိုင်ငယ်လေးရယ်
မျော်လင့်ချက်ရောင်ခြည်လေးပြောက်တော့မယ်
ငါကအခုထိအစမ်းတ၀ါးဝါး
ဘ၀လယ် အလွဲလွဲမှားမှားလျှေက်နေတုန်း
မျော်လင့်ချက်ရောင်ချဉ်လေး”မပျောက်ပါစေနဲ့”လိုဆုတောင်းရင်း
ပန်းတိုင်ဆီသို့ရှောက်လာတဲ့ငါ
အားလည်းကုန်နေပြီဒူးခေါင်တွေလည်းပေါက်ပြဲ
လက်ဝါးတွေလဲစုတ်ပြဲနေပြီ
ဘယ်ချိန်မှပန်းတိုင်ဆီရောက်နိုင်မလဲမသိ
မျော့်လင့်ချက်ပန်းတိုင်က”ဝေးရင်းဝေးရင်းဝေးရင်း”
မျော်လင့်ချက်တွေ”ဝေးဆဲဝေးဆဲဝေးဆဲ”
ဘ၀လမ်းပေါ်ဝယ်

Comments

Popular posts from this blog

မြန်မာလို နည်းပညာ PDF စာအုပ်များ ၁၀၃ အုပ်

သရဲပစ်ဂိမ်း

လိဒ်ဂီတာ တီးခတ်နည်း စာအုပ်