ဆောင်ပန်းတစ်ပွင့်ရဲ့ခံစာချက်

ပင်ယံမြင့်ဖျား စွင့်စွင့်ငွားနှင့်
ပွင့်နေရှာသော အိုဆောင်းသဇင်
နွေမိုးကိုကြောက် ဆောင်းကိုရောက်မှ
ဖူးငုံပွင့်လန်း သင့်ထုံးတန်းကား
ဘယ်ကြောင်းကြောင်းကြောင့် ဆောင်းမှာပွင့်လန်း
ရနံ့များဖြင့်သင် သင်းထုံလွမ်းသနည်း
အိုဘဲ့ကဗျာ ရေးသခဲ့သူ
ကဗျာလုလင် မိတ်ဆွေသင်အား
ပြောပြပေအပ် ကြောင်းအရပ်ကား
ဆောင်းမှာအေးချမ်း ငါပန်းလန်းဖို့
နှင့်ရည်သန့်ရ မြင့်မြတ်စွနှင့်
ပင်ထိပ်မှပွင့် လရောင်ကိုများ
ငါခံစား၏ ၀န်းကျင်သာလှ
ဆောင်းနှင်းမြတွင် လရောင်ဖြူးသော
တောတောင်ကိုကြည့် ငါခံစား၏
ဆောင်းနှင်းပေါက်၏ ဖြောက်ဖြောက်ကျသံ
တေးထပ်သံသို့ သံသာချိုးအေး
ကြည်စွာမှေးပြီး ငါနားဆင်၏
နှင်းရည်ပက်ဖြန်း တောင်တောလွှမ်းလည်း
လရောင်ကဖြူ ငွေတောတူသို့
တလက်လက်ထ နှင်းစက်များကို
ငါလေခံစား ကြည့်ကာရှု၏
ပတ်ဝန်းကျင်လေ အေးမြစေခဲ့
သည်ဟေမန်ခါ သည်ဆောင်းလေကို
ငါဖြင့်ရှုရှိုက် လန်းဆန်းပါ၏
လရောင်ခံစာ ပွင့်ဖတ်များလည်း
စိတ်ပျော်ရွှင်လေး လှပလွန်းပြီး
သည်ရာသီတွင် စိုပြေ၀င်းပ
လှမြဲလှ၏
ကြယ်ကရောင်စုံ သာမေတုံပြီး
မဟူရာဆင်း ကတ္တီပါခင်းထက်
စိန်ပွင့်ကြဲသဏ္ဍန် တူနေဟန်ကို
ရင်သတ်ရှုမော ငါခံစာ၏
ပန်းရနံ့ထုံသင်း သည်ဆောင်းတွင်သာ
သာယာလှပြီး ငါစိတ်ကြည်လန်း
သဇင်ပန်းငါ ပွင့်ကာလန်း၏
8-) 

B-)

Comments