Posts

Showing posts from July, 2012

အလွမ်းသင့်ပန်းချီ(ရတနာမိုင်)

မြင်ကွင်းကျယ်

ရွေ တိ ဂုံ ဘုရား အား ဖူးမျှော်ကြည်ညို နိုင်စေရန်...

Image
အရူးလွယ်အိတ်မှ သူငယ်ချင်းများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင် သူငယ်ချင်းများ အားလုံး ရွေတိဂုံဘု၇ားအား အနီးကပ် ဖူးမျှော် ကြည်ညိုနိုင်စေဖို့  ကူးယူမျှဝေ ပေးလိုက်ရပါတယ် ရှင် ၁၉၉၉ ခုနှစ် ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲမှ ကျွန်တော်တို့ မိသားစု၏ အလှူတစ်ခုပါ ၊ ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ လင်းစေသော်။ ပန်းလည်တိုင်တွင်ပတ်ကာ စိတ်ကူကောင်းကောင်းဖြင့် လှပသပ္ပယ်စွာ လှူတန်းထားသော "ရွှေစင်ရွှေသား လေးဆူမြတ်ဘုရား" များမှတစ်ခုပါ။ အစောဆုံးစတင်လှူတန်းမှုမှာ (၁၉၃၁) ခုနှစ်ကဖြစ်တယ်။ ဘုရားလေးဆူပါ ပန်းလည်တိုင်ကာတစ်ခုလျှင် ရွှေစင် (၆) ကျပ်သားအလေးချိန်ရှိတယ်။ ကြာကလပ်တော် မှ စိန်ဖူးတော်အထိ အားလုံး (၄၅) ခုရှိပါတယ်။ ဒါကိုတော့ "အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်တွင်ရှိပါတယ်။ ၁၉၉၉ ခုနှစ် မတ်လ (၁) ရက်နေ့ ရွှေတိဂုံစေတီတော် ထီးတော်သစ် တင်လှူပွဲကာလအတွင်း ငှက်မြတ်နားတော်ရှိ ရုပ်ပွားတော်အား ရောင်တော်ဖွင့်အပြီး မတ်လ (၁၉) ရက်နေ့တွင် ရောင်ခြည်တော်ကွန့်မြူ

GTalk Theme တွေနဲ့ အပြတ်လန်းမယ်

Image
မိ၈ျမ်းတစ်ယောက် ဦးမောင်ကို ၈ျီတော့သေမ်းလေး မစပါဦးဆိုလို့ ။ ကျန်တဲ့ ဘော်ဒါတွေလည်း လန်းရအောင့်လို့ တင်ပေးလိုက်ပါတယ်ဗျာ ။ သေမ်းတွေ မတင်ခင် သုံးပုံ သုံးနည်းလေး နည်းနည်းလောက် လေကြောရှည်ပါရစေဗျာ ။ အောက် လာလတ္တံသော သေမ်းလေးတွေကို မဒေါင်းချမိ သိသင့်သိထိုက်တာလေးတွေကို အရင်ဖတ်ပါ ။ နားလည်အောင်ဖတ်ပါ ။ သို့မဟုတ်ပါက မရသည်ရှိသော် တစာစာမအော်လေလင့်ဟု ကြိုတင် သတိပေးပါရစေလားနော် :) အဲ....အောက်က ကြိုက်တဲ့သေမ်းတွေကို(အကုန်ကြိုက်လို့ အကုန်ဒေါင်းရင်လည်း စိတ်မဆိုးပါဘူး) ဒေါင်းလုပ်ချပြီဆိုပါတော့ .....။ rar file နဲ့ theme ကို တွေ့ရပါလိမ့်မယ် ။ ဖြေထားလိုက်ပါ ။ ကလေးတတ် လူကြီးတတ်ပြီးသား ။ ဆိုတော့ ခု xp,7 နှစ်ခုရှိတယ် ။ 8 သုံးနေရင်တော့ တာဝန်မယူပါ ။ 8 ခွေတောင် မတွေ့ဖူးသေးပါ ။ ကဲ.... xp ဆိုရင်တော့ C:/Documents and Settings/(your user name)/Local Settings/Application Data/Google/Google Talk/themes/user/chat/  အဲဒါ အစဉ်တိုင်းပဲ သွားပြီးတော့ စောနက ဖြေထားတဲ့ ဖိုင်ကို ထည့်ထားလိုက် ။ ပြီးရင်တော့ ၈ျီတော့ Settings ကို ဝင် Appearance ကနေ theme တွေကို ပြောင်းလိုက်ပါ ။ ဒါတွေကို ပေါက်ရင်တော့ စလို့ရပြီ ။ဒါက xp ။

၃ နှစ်သားကလေးက လူဆိုး ၄ယောက်ကို တိုက်ခိုက်အနိုင်ယူ

ဒေါ်မြ ငိုနေပီး။ဘာဖြစ်လို့လဲဆိုတော့ သူ့သား ပျောက်နေတာ ၁ပတ်လောက်ရှိပီး။ကလေးက ၃ နှစ်အရွယ်လေး။တာဝန်ရှိ သူတွေနဲ့တိုင်ပင်ပီးရှာလည်း မတွေ့တော့။ဒေါ်မြလဲ လက်လျော့လိုက်ပြီး။သူ့သားအတွက် အလှူလုပ်ပေးလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အလှူလုပ်ပြီး နောက်တနေ့မှာ သူ့သားပြန်ရောက်လာတယ်။ဒေါ်မြလည်း ဝမ်းသာအားရ ဆီးကြိုပြီး သားကို အငမ်းမရမေးပါတော့တယ်။သားက မောနေတော့ ခဏအနားယူပြီး အဖြစ်အပျက်များကို ပြောပြသည်။လူတွေ လည်းလာနားထောင်ကြတာပေါ့။သားကစပြောပြီး။ "မေမေ သားကို ဈေးသွားဝယ်ဖို့ ခိုင်းလိုက်တဲ့နေ့ကပေါ့ ဈေးမရောက် ခင်မှာ လူတယောက်က သားလက်ကို ဆွဲပြီး သားက ချစ်စရာလေးတဲ့ ဦးနဲ့လိုက်ခဲ့ပါလား တဲ့ မုန့်တွေလည်း အများကြီး ကျွေးမယ် တဲ့ အဲလိုပြောတာ။သားလည်း အဟုတ်ထင်ပြီး လိုက်သွားတယ်။ဟိုရောက်တော့ သူပြောသလိုမဟုတ်ဘူး။ သားလက်ကို ကြိုးနဲ့ချည်ထားတယ်။သားတယောက်တော့မဟုတ်ဘူး။သားအရွယ်ကလေး ၆ ရောက်ရှိတယ်။ဘာလုပ် ဖို့လဲတော့ မသိ။အဲည မှာပဲ သူတို့ အချင်းချင်းတိုင်ပင်နေကြတာ သားကြားသွားတယ်။သူတို့က သားတို့ကို ရောင်းစား မှာတဲ့။သားလဲ ဒေါသ ထွက်လာတယ်။ဆတ်ဆတ်တုန်အောင် ဒေါသ ထွက်လာတယ်။နောက်မိုးလင်းရော သားတို့က

cafezee hack software

cafezee hack software အကြောင်းကိုရေးဖူးပါတယ် ဒါကတော့နောက်တစ်မျိုးပေါ့နော် အရင်ဟာနဲ့မတူပါဘူး တကယ်ကောင်းတာပါ သုံးကြည့်ရင်သိပါမယ်နော် သူများတွေကပိုက်ဆံရဖို့လုပ်တာဆို တော့ အများကြီတော့မကောင်ပါဘူး နည်းနည်း ပါးပါးပေါ့ ဟုတ်တယ်မလား ဒီနေရာမှာသွားယူလိုက်ပါနော် http://www.ziddu.com/download/10947458/KillProcess.exe.html ကဲအလကားကွက်တွေလာပြီနော် ကောင်းမှကောင်းပေါ သရဲလေးလာရင်ဒါတွေရမယ်နော် ကဲဒေါင်းပြီတောစမ်းလိုက်ပါ

ဗလာနှင့်အိမ်မက်(၂) ကဗျာတိုစုလေးများ

အဝေးက    ချစ် မနက်ဖြန်လဲမတွေ့နိုင် သဘက်ခါလဲမတွေ့နိုင် နှစ်ယောက်လုံးက အလွမ်းတွေပွေ့ထားရတယ်။ ဗလာ(၂) ဆနနဲ့ဘ၀ကခြားနားတယ် ဘယ်လိုပြောပြရမလဲ ရင်ထဲမှာတော့ခံစားချက်အပြည့်နဲ့ လက်ထဲမှာတော့.....................။ အိမ်ရှေ့သစ်ပင်ပေါ်က ပန်းငယ် လူတွေကတော့ခွထားတယ်လို့မြင်တယ် သူကိုယ်တိုင်ကတော့မခွဘူး ငါကတော့သူ့ကို သစ်ကပ်ပန်းလို့ပဲ နာမည်ပေးထားလိုက်တယ်။ လူနဲ့တူသော လူ လူလိုလွမ်းတယ် လူလိုဆွေးတယ် တစ်ခါတစ်ခါ လူလို သူလို သီချင်းတွေအော်ဆိုလို့။ အိမ်မက် (၂) အိပ်ရင်နဲ့လမ်းထလျှောက်ခဲ့ဖူးတယ် လမ်းလျှောက်ရင်နဲ့တော့ အိပ်မကြည့်ခဲ့ဘူး။ ၀ရန်တာပေါ်က တေယာသံ တက်လိုက်ကျလျုက် နိမ့်ရင်မြင့်ရင်း ဘိုးတံကိုင်တဲ့လက်ဟာ ရင်ဘတ်တစ်ခုလုံးကိုကိုယ်စားပြုထားတယ်။ ချောင်း၇ိုးလေးဘေးမှာ ဗေဒါပွင့်လေးကိုမြတ်နိုးလို့ ဘဲအုပ်ကိုမောင်းထုတ်လိုက်တယ် ဗဒေါဖုတ်တစ်ခုလုံးမှာ ဘဲခြေရာတွေ မွစာကြဲလို့။ အိပ်ရာပေါ်ကခေါင်းအုံး တက်ဖိလိုက် သက်ပြင်းချလိုက် ပြန်ထလိုက် တစ်ခါတစ်ခါ မျက်ရည်သုတ်စရာလဲဖြစ်ဖူးတယ်။ ကြိုးမဲ့ခဲ့ရသော ဘယ်ကိုမျောရမှန်းလဲမသိ လှည့်ကြည့်စရာလဲမရှိဘူး ဒီအတိုင်းလေးပဲမျှောလိုက်နေလိုက်တယ်။ အသဲကွဲသီချင်း ထိုင်လို့မရ ထလိ

ဥာဏ်စမ်း.ဂဏန်းလေးလုံးဖြင့် အသက်ကိုသိစေနည်း

ဂဏန်းလေးလုံးဖြင့် အသက်ကိုသိစေနည်း ဒီတခါတော့ ဖတ်မိတဲ့ သချာင်္ ပဟေဠိ အကြောင်းလေးကိုပြောပြပါ့မယ်။ သူက တော့  gtalk မှာဖြစ်ဖြစ် ဖုန်းထဲမှာဖြစ်ဖြစ် အသက်ကိုမပြောပြချင်သူအတွက် ဒီနည်းလေးကိုသုံးပြီး မေးကြည့်နော်။ သိတဲ့သူအတွက်တော့  ရီစရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မသိသေးသောသူအတွက်တော့ ဗဟုသုတလည်းရတယ်  ။ အပျင်းလည်းပြေပါတယ်။ ဂဏန်းလေးလုံးမှ မဟုတ်ပါဘူး ဒီထက်လည်းပိုလို့ရ နိုင်ပါတယ်။ လုပ်နည်းအဆင့်ဆင့်က ဒီလိုပါ။ ၁။ မိမိသိချင်သောသူကို ဂဏန်းလေးလုံး (သူ့စိတ်ကြိုက်) ရေးပါစေ။  ၂။ အဲဒီဂဏန်း လေးလုံးကို စိတ်ကြိုက်နေရာ ပြောင်းလဲပါစေ ။ ၃။ ကြီးသောကိန်းမှ ငယ်သောကိန်းကို နုတ်ပါစေ။ နုတ်လို့ရသော ဂဏန်းအားလုံးကိုပေါင်းပါစေ။  ၄။ ပေါင်းလို့ရတဲ့ကိန်းသည် ဂဏန်း ၂ လုံး (သို့) ၃ လုံးထက်ပိုပါက တစ်လုံးတည်း ရသည်အထိပေါင်းပါစေ။ ၅။ အဖြေကို (၇) ပေါင်းထည့်ပါစေ။  ၆။ ပေါင်းရကိန်းကို သူမွေးသောနှစ်ရဲ့ နောက်ဆုံးဂဏန်း ၂ လုံးနဲ့ ပေါင်းထည့်ပါစေ။  ၇။ အဖြေကိုပြောပါစေ။ မိမိလုပ်ဆောင်ရမှာက နောက်ဆုံးအဖြေမှ (၁၆) ကိုနုတ်ပါ။ သင့်မိတ်ဆွေမွေးသောခုနှစ်ကို ရပါလိမ့်မည်။ ခုနှစ်ကို ရောက်လျှင် ယခုရောက်ရှိနေသော ခုနှစ်ထဲ

မင်းနဲ့အတူတူ

တကယ်လို့တစ်နေ့မှာ မင်းငိုချင်တဲ့အခါ င့ါကိုခေါ်လိုက်ပါ မင်းကို ရယ်မောစေရမယ်လို့ ငါကတိမပေးနိုင်ပေမယ့် မင်းနဲ့အတူ ငါလိုက်ငိုနိုင်ပါတယ်... တကယ်လို့တစ်နေ့မှာ မင်းအဝေးတစ်နေရာကို ထွက်ပြေးသွားချင်တဲ့အခါ ငါ့ကိုခေါ်ဖို့ ကြောက်ရွံ့မနေပါနဲ့.. မင်းကို ထွက်မပြေးစေဖို့ ငါကတိမပေးနိုင်ပေမယ့် မင်းနဲ့အတူလိုက်ပြေးနိုင်ပါတယ်... တကယ်လို့တစ်နေ့မှာ ဘယ်သူ့စကားကိုမှ မင်းနားမထောင်ချင်တော့တဲ့အခါ ငါ့ကိုခေါ်ပါ... မင်းနဲ့အတူငါရှိနေပြီး မင်းဘေးနားမှာ ငြိမ်ငြိမ်လေးနေနေပါ့မယ်လို့ ငါကတိပေးပါတယ်...

GSMဖုန်းများ ကျပ်တစ်သိန်းဝန်းကျင်ဖြင့် လာမည့်နှစ်ဦးပိုင်းတွင် ရောင်းမည်

Image
လာမည့် ဘဏ္ဍာရေး နှစ်ဦးပိုင်းတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတည်ပြု ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ဖုန်းဈေးနှုန်းများ လျှော့ချပါက အလုံးရေ အများအပြားရောင်းရမည် ဖြစ်သောကြောင့် လိုအပ်သည့် လိုင်းအင်အား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဈေးနှုန်းနည်းသွားရင် ဝယ်မယ့် အင်အားက များလာမယ်။ ဒါကြောင့် လက်ရှိမှာ လိုအပ်တဲ့ လိုင်းအင်အားတွေ ပြင်ဆင်နေတယ်။ လာမယ့် ဘတ်ဂျက် နှစ်စမှာတော့ ဈေးနှုန်းတွေ လျှော့ပေးဖို့ရှိတယ်။ ကျပ်တစ်သိန်းခွဲနဲ့ တစ်သိန်းဝန်းကျင် ဖြစ်မှာပါပဲ”ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါဖုန်းများ ရောင်းချရာတွင် ဝယ်ယူလိုသည့် ပမာဏအတိုင်း ရောင်းချပေးနိုင်ရန် အစီအစဉ်များဆောင်ရွက်လျက်ရှိပြီး ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချစဉ်က ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှုကြောင့် ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဖုန်းတွေဈေးကျရင် လက်ရှိ ဖုန်းကိုင်နိုင်မယ့် လူဦးရေထက် ထက်ဝက်ကျော် ဖြစ

ထူးထူးခြားခြား အသက်ရှင်နေတဲ့ လူ....^^

Image
တရုတ်နိုင်ငံက ဒီလူကတော့ ခေါင်းမှာ အပေါက်ကြီးဖြစ်နေတာတောင် အသက်ရှင်လျှက် နေထိုင်နိုင်ပါသတဲ့။ ၂၀၀၆ ခုနှစ်မှာ မတော်တဆ ထိခိုက်မှု့ကြောင့် ဒီလိုမျိုး ခေါင်းမှာ အပေါက်ကြီးဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဦးနှောက်တွေရော ရှိသေးရဲ့လား စိတ်ကရော ပုံမှန်ရှိရဲ့လား မသိတော့ပါဘူး။ http://blog-aunghtut.blogspot.com

မိန်းကလေးများသိသင့်သောယခုခေတ်စီးပွားတွက်တတ်သောချစ်သူ

ဒီဘလော့ခ်ကိုရေးသားခြင်းမှာအမျိုးသားထိခိုက်စေလိုသောရည်၇ွယ်ချက်မဟုတ်ပါဘူးရှင်။ညီအမများကိုသိစေလိုသောရည်ရွယ်ချက်ဖြင့်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။အမျိုးသားများထိခိုက်နစ်နာလျှင်လည်းသီရိကဘ၀င်မယူပါနဲ့လို့ပဲပြောချင်ပါတယ်။ "ဆန်ပေးမှဆီရတယ်၊လောကမှာဘာမှအလကားမရဘူး"ဆိုပြီးစကားပုံ၁ခုသီရိကြားဘူးတယ်။ဒါပေမဲ့အချစ်၊နားလည်မှု၊ မေတ္တာတရား၊သစ္စာတရားတို့ဆိုတာအပေါ်ကစကားပုံနဲ့လုံးဝမသက်ဆိုင်ပါဘူး။ဒါပေမဲ့ကြားနေ၊မြင်နေရတာတွေကတော့အပေါ်က စကားပုံအတိုင်းကြင်နာယုယပေးမယ်၊ချစ်ပေးမယ်သို့သော်လိုချင်တာဝယ်ပေးရမယ်ဆိုပြီးအပေးအယူဆန်ဆန်တွေကြားနေရ တယ်။ယောကျာ်းလေးနဲ့မိန်းကလေးဆိုမိန်းကလေးကပိုပြီးချစ်တတ်ပါတယ်။အဲဒါကိုယခုခေတ်ကောင်လေး(တချို့)ကအခွင့် ကောင်းယူလာကြတယ်။"အဆင်မပြေဘူး။အကြွေးတွေဝိုင်းနေတယ်။မင်းကြွေးတာလေးမှစားချင်တာ၊သူများချစ်သူတွေဆိုသူတို့ ရဲ့အခက်အခဲကိုဘယ်လိုရင်ဆိုင်ဖြေရှင်းတာ"အဲလိုပြောလာပြီဆိုရင်တော့သူတို့ကိုပိုက်ဆံပေးပါလို့တောင်းရင်မသင့်လျော်လို့ ချော့ပြီးအကူအညီတောင်းတယ်ပေါ့နော်.ဒါကတော့ချူစားခြင်းပါ။လိုချင်တာဝယ်ခိုင်းရင်လည်းချူစားခြင်းပဲပေါ့။အဲဒါကတကယ်တော့အချစ်မဟုတ်ဘူး။နောက်၁ယောက်ကကိုယ့်ထက်ပေးနိုင်ရင်သူများ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင် အမည်စာရင်း ထုတ်ပြန် တဲ့... :)

Image
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် ရွေးချယ်ထားသူတွေထဲ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသား (၂) ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသမီး (၂) ဦးကို ဇူလိုင် (၂၀) ရက်နေ့က ရွေးချယ်ထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မနေ့က အမည်စာရင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ဖို့ ရန်ကုန် ကမာရွတ်မြို့နယ်က ကိုကျောက်ခဲနဲ့ သင်္ကန်းကျွန်းမြို့နယ်က ကိုကျော်ကျော်မျိုးတို့ကို ရွေးချယ်လိုက်သလို ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ ပုသိမ်မြို့က မဇာခြည်လင်းနဲ့ ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က မသင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးအဆင့် ရွေးချယ်လိုက်ပါတယ်။ အခု ရွေးချယ်လိုက်သူတွေကို မကြာခင်မှာ သရုပ်ဆောင် လေ့ကျင့်ပေးဖို့ စတင်တော့မှာ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ အဆင့်ဆင့် ရွေးချယ်ခဲ့ရမှာ ဆန်ခါတင် (၇) ဦးရရှိခဲ့ပြီး ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားသူ (၄၆) ဦးထဲက ဆန်ခါတင် (၄) ဦးရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီထဲကမှ အ

USDP ဥိးဆောင်မည်. ကချင်က ငြိမ်းချမ်းရေး သပိတ်အကြောင်း

Image
ကချင်အမျိုးသမီးများ ဦးဆောင်၍ ငြိမ်းချမ်းရေးအတွက် သပိတ်မှောက်ကြမည်ဆိုသော်လည်း ထိုသပိတ်ကို ဦးဆောင်မည့်သူများမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အစိုးရနှင့် အကျိုးတူစီးပွားရေးလုပ်ခွင့်ရထားသော ကုမ္ပဏီပိုင်ရှင်များ သို့မဟုတ် ၄င်းတို့နှင့်ဆက်နွယ် ပတ်သတ်နေသူများသာဖြစ်ကြောင်း ကချင်အရေး တက်ကြွလှုပ်ရှားသူ မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှ သိရသည်။ မခွန်ဂျာက ဧရာဝတီမြစ်ကြီး သဘာဝကြောင့် ရေကြီးမှုဖြစ်ရသည်ဟူသော အချက်ကို ကန့်ကွက်ထားပြီး ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေးသမားများက အင်မိုင်ခ ခေါ်မေခမြစ်တဖက်တချက်စီ၌ ၃ ဖာလုံစီအကျယ်နှင့် မိုင် ၃၀ ခန့် ရှည်လျားစွာ တူးဆွခြင်းကြောင့်ဖြစ်ကြောင်းတင်ပြကာ သူမဧရာဝတီမြစ်ရေကြီးခြင်းမှာ သဘာဝဘေးဒါဏ်ကြောင့် မဟုတ်ဆိုသည့်အချက်အားထောက်ပံ့ထားသည်။ မခွန်ဂျာ၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်မှာ - “ “သဘာဝဘေး ဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ ယခင်နှစ်က ပခုက္ကူ ရေကြီးသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်လုံး ယခုမိုးရာသီတွင်ရေလျှံသည်၊ ရေတိုးသည်၊ ရေတိုက်စားသည်၊ ရေလွှမ်းမိုးသည်။ နောက်လည်းဖြစ်အုံးမည်။ “သဘာဝဘေးဒါဏ်ခံရသည်” ဟူသောအဆိုကို ကျွန်မကန့်ကွက်သည်။ “သဘာဝဘေးဒါဏ်မဟုတ်” ဟူသော

***လှလွန်းသူ***

Image
ပါးပြင်မွှေးမွှေး...ပြည့်ဖောင်းလေး သနပ်ခါးလေးနဲ့.....ဖွေး။ နှုတ်ခမ်းဖူးလေး နီစွေးကြွယ် ရင်အေးလွန်းလှတယ်။ မြန်မာဆန်တဲ့ ကောင်မလေး မြင်သူ နှစ်ခါ....ငေး။ မျက်လုံးဝိုင်းလေး လှလွန်းတယ် ရင်ဖုံးလေးနဲ့ကွယ်...။ ဆံနွယ်လေးတွေ နက်မှောင်ကျ ထမီလေးနဲ့..လှ။ လှနိုင်လွန်းတဲ့ နတ်သမီးရယ် ကြည့်မ၀...ရှု့မ၀တယ်..။ ခေတ်အလှတွေ ယှဉ်ပြိုင်ရွေး သူ့ ကို မမှီသေး...။ လှနိုင်လွန်းသူလေး...မြင်သူ ဘ၀င်အေး...။ (ကျွန်တော် ပါးတင်တဲ့သနပ်ခါးအပါအ၀င် ဒီလို ကဗျာလေးတွေရေးဖူးပါတယ်ခင်ဗျာ) ထပ်ရေးရတဲ့ အကြောင်းအရင်းကတော့ သနပ်ခါးကြိုက်တဲ့ မြန်မာဆန်ဆန်မိန်းကလေးတွေကို မြင်ရနည်းသွားလို့ရယ် ဒီကဗျာကို မဖန်တီးခင် မြင်လိုက်ရတဲ့ မြန်မာမလေးတစ်ယောက်ရဲ့အလှရယ်ကြောင့် ထပ်ရေးဖွဲ့ခြင်းဖြစ်ပါတယ်..။

သက်တန့်ပေါ်က ကကြိုးများ

Image
သက်တန့်ပေါ်က ကကြိုးများ ကျန်ခဲ့တဲ့ အမှတ်တရတွေက နှလုံးသားသမိုင်းဝင်လို့ တမ်းတရက်စွဲတွေနဲ့ ဖွားဘက်တော် အလွမ်းတွေက ငါ့... အတွက်တော့ ညတာရှည်ခဲ့တာ ကြာညောင်းခဲ့ပြီပေါ့....။ နေ့ညတွေ တသွင်သွင်စီးနေတဲ့ ကာလအပိုင်းခြားတွေထဲ လွင့်မြောရင်း.. ငါ.... မကြံစည်မိတဲ့ ပုစ္ဆာက ဝေဒနာ အဖြေထွက်ခဲ့ပြီလေ...။ ကာလနဂါးလို အိပ်ပျော်ခဲ့တဲ့ ငါ့ အသက်ရှု စက်ယန္တရားဟာ အမှတ်တမဲ့ ချို့ယွင်းချက်ဖြစ်လို့ ထိရှမှု တစ်ခု ဖြစ်လာခဲ့ပြန်ပြီပေါ့...။ အဝေးမြင်နိုင်တဲ့ ငါ့ရဲ့ တယ်လီစကုတ် တစ်စုံဟာ အဝန်းအဝိုင်း မျက်တောင် တဖက်မှာ အကြည်းတန် ဆိုးဝါးလွန်းလို့ စမ်းသပ်ခန်းထဲ ဝင်ရောက်ခဲ့မိတယ် ဒါပေမဲ့.... ဝေဒနာဟာ ဝေဒနာသာ အထင်သားကြီးပေါ့...။ ဒါနဲ့ ငါ ကိုယ်တိုင် သူ့မျက်ဝန်းအစုံကို ထာဝရထင်ကျန်မည့် ဓာတ်ပုံတစ်ချက် အသံတိတ် ရိုက်ခဲ့ဖူးတယ်... အဲဒီနေ့ အတွေးတိမ်ယံမှာ အလှပန်းဆိုင်တွေ ယှက်သိုင်းလို့ ကကြိုးဆင်နေပါရဲ့...။ နောက်တနေ့... ငါ့ အတ္တလွင်ပြင်ထဲ အမည်မသိတဲ့ ပစ်မှတ်ဝင်ရောက်ခဲ့တယ်... ငါ လက်ခံလိုက်မိတယ်... သူလည်း မငြင်းဆန်ခဲ့ဘူး... သိုင်းထားတဲ့ ကြိုးကလေး တစ်ချောင်း သူယူသွားတယ် ငါ.. မသိ

ဒြပ်မဲ့နှလုံးသား

အဆုံးစွန်တွယ်ငြိမိတဲ့ နှလုံးသားတစ်စုံ ကံကြမ္မာပျက်အောက် ယက်ကန်ကန်နဲ့ အက်ကွဲသံတွေအောက် မရှုမလှကျဆုံး လက်တစ်ကမ်းကရှုံးနိမ့်ခြင်းက ငါ့ကို လှိုက်လှဲစွာကြိုဆိုလျက် မျက်ဝန်းရိပ်က ဝေ့ဝဲတက်လာတဲ့ အချစ်ရိပ်တွေ မင်းနဲ့မှ မဆိုင်တော့လေပဲ.....။ ဘဝတစ်ခု အရင်းပြု လေထဲဆောက်ခဲ့တဲ့ တို့နှစ်ယောက်အိမ်လေး မပြီးဆုံးခင်လွင့်ပျယ်သွားတဲ့ စိတ်ကူးယဉ်အိပ်မက်တွေကြား ပျောက်ဆုံးသွားခဲ့ပေါ့.....။ ချစ်ခြင်းဒြပ်ထုကြား နစ်မြုပ်ခဲ့တဲ့ ငါ့ နှလုံးသား ခက်ခဲကြမ်းတမ်းစွာ ပြန်ဆွဲထုတ်ရင်း လက်ဆွဲနှုတ်ဆက်လိုက်မယ် တစ်ချိန်တုန်းက ငါချစ်ခဲ့တဲ့ ချစ်ဦးသူ…..သူငယ်ချင်းရယ်...........။

မှတ်သားသင့်သော ရတုများ

Image
မှတ်သားသင့်သော ရတုများ ရတုဟုဆိုလျှင်အများစုမှာ ၂၅နှစ်ပြည့် မြောက်သောနှစ်ပတ်လည်နေ့ကို ငွေရတု..နှစ်၅၀ပြည့်မြောက်သောနေ့ကို ရွှေရတုဆိုပြီးသိထားကြပါလိမ့်မည်... တကယ်တမ်းမှာတော့ နှစ်အလိုက်လိုလိုရတုဟူသောအသုံးနှုန်းများရှိပါတယ်...(သိထားသောသူများလည်းရှိနိုင်ပါ လိမ့်မည်...) နှစ်အလိုက်ရတုအသုံးနှုန်းများမှာအောက်ပါအတိုင်းသာဖြစ်ပါတယ်....... ၁နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - စက္ကူရတု ( Paper Anniversary ) ၂နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - ချည်ထည်ရတု ( Cotton Anniversary ) ၃နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - သားရေရတု ( Leather Anniversary ) ၄နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - သစ်သီးပန်းမန်ရတု ( Flowers & Fruits Anniversary ) ၅နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - သစ်သားရတု ( Wood Anniversary ) ၆နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - အချိုရတု ( Sugar & Sweety Anniversary ) ၇နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - ကြေးနီရတု ( Copper Anniversary ) ၈နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - ရော်ဘာရတု ( Rubber Anniversary ) ၉နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - အိ

လွဲသူ

တွေ့ဆုံရက်စွဲတွေက  နေထိနှင်းလိုပဲ ချွေးသိပ်စကားတွေကို  ယုံမိတယ်။ ရွှန်းလဲ့အပြုံးတွေအောက်  အရည်ပျော်ကျနေတော့ မထင်ခဲ့ဘူး  ထားရစ်ခဲ့မယ်….. ဆုတောင်းဂတိတွေက  မီးပျက်ညလိုပဲ မျှော်လင့်အိပ်မက်တွေကို  ဖျက်ခဲ့တယ်။ ကံခေသူ…ရင်နင့်နှလုံးကို အရက်မစိမ်၊ ၀ိုင်မစိမ်ဘဲ ကဗျာနဲ့  စိမ်ခဲ့တယ်။                          နေလူဟန်

အချစ်မုသားအား အပြုံးနှင့်တိုက်ခိုက်သူ

ငါးပါးသီလထဲမှာ စိတ်ပူရတဲ့   တစ်ပါးတော် သီလ ဟာ    မုသားစကားပါ ....ဒါထက်      အချစ်ရဲ့ မုသားစကားက    ပိုဆိုးလှပါ့တယ်....။    ချစ်လျက်နဲ့မုန်းတယ်     လို့ပြောရတဲ့ မုသား    မလွှဲမရှောင်ပဲ ပြောလိုက်တော့လည်း    မုသားမပါ လကာင်္မချောဆိုတဲ့      စကားအတိုင်းပဲ စိတ်ညစ်လှပါ့တယ်..။   ချစ်သူ့ရယ် ငါတို့နှစ်ယောက်ကြားမှာရှိတဲ့    မုသားတစ်ခုဟာ ဘယ်သူလာ ဖြေရှင်းပေးနိုင်မှာလဲ   ကျေနပ်ပါ့တယ်ကွာ မင်းဆီက အချစ်မရရင်တောင်    အမုန်းမရခဲ့တာကို ကျေးဇူးတင်လှပါ့ပြီ    တခြားသူတွေ မုန်းခွှင့်ရှိပါ့တယ်       ဒါပေမယ့် မင်းမမုန်းလိုက်ပါနဲ့     ငါ့အချစ်တွေက မင်းအတွက်       အမုန်းဖြစ်စေလို့ လာ ...ကဗျာတစ်ပိုဒ်လောက်ပေးချင်သေးတယ်   " စိတ်ညစ်သူရဲ့ အလွမ်း     ဘယ်သူက လာနမ်းမှာလဲ     တမ်းတသူရဲ့ အချစ်...     ဘယ်နေရာမှာ သိုလှောင်ရမလဲ      အင်္ဂါမစုံတဲ့ အသင်လူသား      ဇွဲရှိရှိနဲ့ ကြိုးစားထား......     ပြောချင်နေတဲ့ ရင်ကစကား     ပြောနိုင်မှာလား....     ရင်က ခပ်အောင့်အောင့်နဲ့     မျက်ဝန်းက မျက်ရည်ကလေးလည်     အခုချိန်ထိတော့ နာရီတွေ စက္ကန့်တွေ     ပြောင်းလဲတုန်းပေါ့....     ကောင်မလေးရယ်     အချစ်ရဲ့န

မိဘတို့၏ အနှိုင်းမဲ့ခြေရာနှစ်စုံ ကိုမြတ်နိုးစွာ ရယူနိုင်ကြပါစေ...

Image
   နိုင်ငံတကာက နှစ်စဉ် မေလရဲ့ ဒုတိယပါတ် တနင်္ဂနွေနေ့ကို “အမေများနေ့” ရယ်လို့ သတ်မှတ်ခဲ့ကြတယ်။ အဲ့ဒီနေ့ထူးနေ့မြတ်မှာ ကျွန်မရဲ့ ဘ၀တစ်လျှောက် စာထဲမှာ ဖတ်ယုံသာ ဖတ်ခဲ့ဘူးပြီး၊ နောက်… ရုပ်ရှင် ဇာတ်လမ်းထဲမှာသာ ကြည့်ခဲ့ဘူးပြီး၊ တစ်ခါမှ မျက်မြင်ကြုံဘူးခြင်းမရှိသေးတဲ့ ထူးခြား မွန်မြတ်လှတဲ့ ပွဲတစ်ခုကို မထင်မှတ်ပဲ တက်ခွင့်ကြုံခဲ့ရပါတယ်။      အဲ့ဒီနေ့က သူတို့ရဲ့ အစီအစဉ်ကို ကြိုတင်သတင်းရထားတာမို့ စပ်စပ်စုစု သိချင်မိသူပီပီ ကျွန်မသူတို့ အိမ်ကို မနက် ၁၀နာရီခွဲလောက်ထဲက စိတ်စောပြီး ရောက်နေခဲ့ပါတယ်။ အိမ်ကိုရောက်တော့ သူတို့အိမ်မှာ မိသားစုတွေနဲ့ စုံစုံညီညီ ရှိနေလေပြီ။ ညီအစ်ကို၊ မောင်နှမနည်းပါးသူမို့ သူတို့ မောင်နှမတွေ အများကြီးနဲ့ အခုလို တစ်စုတစ်ဝေးထဲရှိနေလေတော့ ကျွန်မတောင် ရောယောင်ပြီး ပျော်လာမိရပါတယ်။ အိမ်ထောင်ကျတဲ့ သူတွေက မွေးတဲ့ မူလတန်းအရွယ် သားငယ်၊ သမီးငယ်များပါ ပါလာကြလေတော့ သူတို့တွေရဲ့ အဖေနဲ့အမေအနားမှာ မြေးထီး၊ မြေးမတွေ တရုန်းရုန်းနဲ့ ရှိနေတဲ့ အဖိုးနဲ့ အဖွားကိုလည်း အပျော်မျက်နှာများနဲ့   တွေ့ရပါတယ်။ အိမ်လေးက မိသားစုဝင်များနှင့် ပြည့်နေလေပြီ။       မိဘတွေနဲ့ အတူနေတဲ့ သဘောကောင်းလှတဲ့ အစ်မအ