Posts

Showing posts from October, 2012

အိပ်မပျော်ရင်

Image
အိပ်မပျော်သည့်ဝေဒနာ (ဒေါက်တာအောင်မော်) အိပ်ခြင်းသည် လူတိုင်း အသက်ရှင်ရပ်တည်နေနိုင်ရန် အတွက် မရှိမဖြစ်လိုအပ်သော အနားယူမှု၊အားမွေးမှု တစ်ခုဖြစ်သော်လည်း လူတစ်ယောက် ကျန်းမာစွာ နေနိုင်ရန် လိုအပ်သည့် အိပ်ပျော်မှု အချိန်ပမာဏသည် တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူုနိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ အိပ်ပျော်ခြင်းနှင့် ပတ်သက်၍ တစ်နေ့လျှင် မည်မျှအိပ်သင့်သည်၊ မည်သို့မည်ပုံ  အိပ်သင့် သည် တို့ကို အကြမ်းအားဖြင့်သာ ပြောဆိုနိုင်ပြီး ပုံသေသတ်မှတ် ပြောဆို၍ မရနိုင်ပေ။ လူတစ်ဦးသည် တစ်နေ့လျှင်(၈)နာရီမှ (၉)နာရီ အထါ အိပ်ပျော်မှ အိပ်ရေးဝပြီး ကိုယ်စိတ်နှစ်ပါး ကြည်လင်လန်းဆန်း ကျန်းမာကာ အလုပ်ကို အားအင်အပြည့်ဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်သော်လည်း နောက်တစ်ဦးအဖို့ တစ်နေ့လျှင် (၅)နာရီမျှလောက် ပြည့်ပြည့်၀၀ အိပ်ပျော်ရုံဖြင့် သူ့အတွက် ကျန်းမာရေးနှင့် ပြည့်စုံလုံလောက် နိုင်ပေသည်။ ဥပမာအားဖြင့် နပိုလီယန်သည် တစ်နေ့လျှင် (၄)နာရီသာ အိပ်လေ့ရှိပြီး စီစဉ်ညွှန်ကြား စရာများ၊ အလုပ်များကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကာ ဥရောပ တစ်တိုက်လုံး နီးပါးကို   အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သူ တစ်ဦးဖြစ်သည်။သူသည် စ

ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်

Image
ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂၆ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံ ဟွမ်လောင်းယောင်ရွာမှ ယောင်နီအမည်ရှိ လူမျိုးစုတစ်စုမှ အမျိုးသမီးများသည် တစ်ရွာလုံး ဆံပင်ရှည်ထားကြရာ အမျိုး သမီးအားလုံး(၁၂၀)၏ပျမ်းမျှ ဆံပင်အရှည်သည် ၅ဒသမ၅ပေရှိသည်။ ဆံပင်အရှည်ဆုံး အမျိုးသမီးမှာ ၆ဒသမ၈ပေ ကျော်သည် ။ ၎င်းတို့၏ ရိုးရာဓလေ့အရ အမျိုးသမီးများသည် တစ်သက်တွင် တစ်ခါသာ ဆံပင်ညှပ်ကြရသည်။ ဆံပင်ညှပ်သည့် အရွယ်မှာ ၎င်းတို့အနေဖြင့် အိမ်ထောင်ဖက်ရှာရမည့် ၁၆ နှစ်အရွယ်ဖြစ်သည်။ ယောင်နီလူမျိုးများက အမျိုးသမီးများ ဆံပင်အရှည်ထားခြင်းသည် အသက်ရှည်ခြင်း ချမ်းသာကြွယ်ဝခြင်းနှင့် ကံကောင်းခြင်းတို့ကို ဆောင်ကြဉ်းပေးသည် ဟုယုံကြည်ကြသည်။

ဂင်းနစ်စံချိန်တင်လူသားများ

Image
အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါသည်..။ ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိရပါသည်..။ John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။ Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါသည်..။ အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါသည်..။ Space Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အ

ကျော်သူကိုလဲမယုံနဲ့

Image
နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (အရေးပေါ်ကယ်ဆယ်ရေး) စသည့် လူမှုကူညီရေးလုပ်ငန်းများအား ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက် နေ့မှ စတင်၍ ယနေ့ချိန်ထိ (၁၂) နှစ်တိုင်ခရီးသို့ လျှောက်လှမ်း လုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ လုပ်ဆောင်ရာတွင် မြန်မာပြည်တွင်းမှအစပြု၍ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ အများပြည်သူ (၇) ရက်သားသမီးများတို့၏ ယုံကြည်စွာလှူဒါန်းထားသည့် အလှူငွေများဖြင့်သာ ကူညီမှုလုပ်ငန်းရပ်များ အဆင်ပြေစွာလည် ပတ်နိုင်ရန် စနစ်တကျ စီမံခန့်ခွဲသုံးစွဲလျှက်ရှိသည်။ တကယ်လိုအပ်လျက်ရှိသည့် နေရာဒေသ အသီးသီးရှိ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များအားထိရောက်စွာတဆင့်ပြန်လည် ပေးကမ်းလှူဒါန်းလျှက်ရှိပေသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် မည်သည့် နိုင်ငံအစိုးရ၊ အဖွဲ့ အစည်းများထံသို့ အလှူငွေ (အသုံးစရိတ်များ) တင်ပြတောင်းခံခြင်း၊ အလှူခံခြင်း မရှိခဲ့ချေ။ ယနေ့အချိန်ကာလများတွင် လူမှုရေးအဖွဲ့အစည်းများကို အဓိကပစ်မှတ်ထား၍ လိမ်လည်မှုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါသည်။ နာရေးကူညီမှုအ သင်း (ရန်ကုန်) ၏ အမည်နာမအသုံးပြု၍ ငွေကြေးများလိုက်လံ တောင်းခံ လိမ်လည်နေကြော

the pingwin @ desktop ခ်ခ် desktop ပေါ်မှာပင်ဂွင်းတွေနဲ့ ချော့မယ်ချော့မယ်ချော့မယ် ဟိဟိ

desktopပေါ်မှာပင်ဂွင်းလေးတွေလမ်းလျှောက်သွားတာကို မြင်ချင်တဲ့လူတွေအတွက်ပါ..... တားတားကတော့ ခေးချိုဒေါ့ဆော့တယ်လေ တားလိုချော့ချင်ဒဲ့လူဒေတွက် တင်ပေးဒါဘာ install လုပ်နေတုန်းမွှာ create a desktop icon ထားရင်ပိုကောင်းပါတယ် ပြီးသွားလို့ desktopပေါ်မှာ icon လေးရောက်သွားပြီဆိုရင် double click ပေးလိုက်ရင် ပင်ဂွင်းလေးကဘယ်ဘက်အပေါ်နားကနေ တ၍၍ နဲ့ လမ်းလျှောက်လာပါတယ် desktop ဆုံးသွားရင် မောသွားတယ်ထင်ပါရဲ့  ချိုချိုလေးဒေါင်တောက်လိုက်တေးဒယ် ခ်ခ် double click တစ်ခါပေးရင် တစ်ကောင် စဉ်းစားကြည့်ပေါ့ အချက်တစ်ရာကလစ်ရင် အကောင်ငါးဆယ်ထွက်လာမယ် ရှုပ်ပွနေအောင်ဆော့လို့ ရပါတယ် ဒေါင်းလင့်က ဒီမှာဒေါင်း လိုက်နော် (ဆော့ဝဲမူရင်းကို ကိုအောင်ကျော်ရဲ့ ဆိုဒ်ကကူးတာဖြစ်ပါဒယ်ထည ခ်ခ် ညာတတ်ဖူးနော် တားတားဂ ဒါပေမယ့်ကိုအောင်ကျော်ကတားတားလောက်တေတေချာချာမချင်းပြထားဗူး ဟစ်ဟစ်) အဆင်ပြေကြပါစေ

ဗိုက်ဆီကျစေမဲ့ထောပတ်သီး

Image
အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံး သင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။ ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပါပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင် ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ထောက်ပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေ က လူခန္ဓာကိုယ် ၀မ်းဗိုက်ဆီကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။ နောက်ထပ် လုပ်နိုင်တာတွေလည်းရှိပါတယ်။ နေလောင်ထားတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အမည်းကွက်နဲ့ ခြေသလုံးမှာ နေလောင်ခံရလို့ အမည်းက

အိမ်ထောင်ပြုတော့မယ်ဆိုရင်

Image
ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ဆိုလျှင်  သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ပါပြီ။ မိရိုးဖလာ ယုံကြည်မှု ဓလေ့ထုံးစံအရ ၀ါတွင်းကာလအတွင်း အိမ်ထောင်ပြုခြင်းကို ရှောင်ကြဉ်ခဲ့ကြရတယ် ။ထို့ကြောင့် ၀ါကျွတ် ကာလရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး များအကြားတွင် ဘယ်သူတွေ မင်္ဂလာဆောင်ကြတော့မည် ဆိုသည်ကို စိတ်ဝင်စားကြသည်က ရိုးရာဓလေ့တစ်ခုလို ဖြစ်ခဲ့သည်။ ထို့အတူပင် ၀ါကျွတ်သည်နှင့် လက်ထပ်ထိမ်းမြားရန် အရွယ် ရောက်ပြီဟု သတ်မှတ်ခြင်းခံထားရသူများ အကြား ဘယ်တော့မင်္ဂလာဆောင်မလဲ ဆိုသည်က လည်း စချင်စရာ၊ နောက်ချင်စရာ စကားတစ်ခုဖြစ်လာခဲ့သလို ချစ်စရာလည်းကောင်းသည့် ၀ါ ကျွတ်ကာလ ၏စကားတစ်ရပ် ဖြစ်လာခဲ့သည်။ဒါကြောင့်  ၀ါကျွတ်ပြီ သီတင်းကျွတ်ရောက်ပြီဆို တာနဲ့  ထိမ်းမြား လက် ထပ်ပွဲများ အဆက်မပြတ် ကျင်းပကြသကဲ့သို့ သတင်းစာများတွင်လည်း မင်္ဂလာသတင်းများ ဝေေ၀ဆာဆာ တွေ့ကြရတယ် ။ မင်္ဂလာသတို့သား၊ သတို့သမီးတို့ကို မင်္ဂလာ ဆောင် စံပယ်ပန်း ကုံး ချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ် ၀တ်ဆင်ပေးခြင်း၊ မင်္ဂလာလက်ဆောင် ပေး ပို့ ခြင်း၊ တက်ရောက် ချီးမြှင့်ခြင်း စသည်တို့ အတွက် ကျေးဇူးတင်ကြောင်း သတင်းစာများတွင် တ ခမ်း တနား ကြေညာ

သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀).ရဲ့.၈.ကြိမ်မြောက်

ဗြိတိသျှရဲ့ လက်အောက်ခံ ဘယ်နိုင်ငံတွေဖြစ်ခဲ့ဖူးသလဲ . ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် အင်အားငယ်နိုင်ငံများကို အကွက်ချောင်းလျက် မည်ကဲ့သို့သိုက်တူးရမည်ကို စဉ်းစားလျက်ရှိ၏။ ၎င်းအတွက် အကျိုးကျေးဇူးရှိမည်ဆိုလျှင် မင်းသားဟန်ဆောင်ထားသော မျက်နှာဖုံးသည် ကွာကျလျက် အစွယ်ငေါငေါနှင့် ဘီလူးရုပ်သွင်သာ ပေါ်လာတတ်စမြဲတည်း။ အင်အားငယ်၍ အနိုင်ကျင့်ခြင်းဖြင့် ရရှိလာသော နိုင်ငံငယ်တို့ကို လက်အောက်ခံအဖြစ် ထားရှိ၏။ ထိုနိုင်ငံငယ်များမှ မြေပေါ် မြေအောက် သယံဇာတများကို ထုတ်ယူ၏။ အင်အားကြီးနိုင်ငံအဖြစ် ချဲ့ထွင်၏။ ကမ္ဘာ့အင်အားကြီး နိုင်ငံများအနက် အတိတ်သမိုင်းကို ပြန်ပြောင်း သုံးသပ်သည်ရှိသော် ဗြိတိသျှ အင်္ဂလိပ်တို့သည် နယ်ချဲ့စနစ်ကို စွဲကိုင်ခဲ့ရာတွင် ထိပ်ဆုံးမှဖြစ်သည်။ အင်အားနည်း နိုင်ငံကလေးများကို ကိုလိုနီ ကျွန်ပြုခဲ့၏။ ပြန်လည်၍ တွန်းလှန်မှုမပြုနိုင်ရန်လည်း စစ်လက်နက် အင်အားများသုံးကာ ဖိနှိပ်ထား၏။ နိုင်ငံငယ်ကလေးများအား ညှစ်ထုတ်၍ရလာသော အဆီအနှစ်များကို ဝါးမြိုလျက် အရင်းရှင်ကြီးများအဖြစ်သို့ ကူးပြောင်းခဲ့ကြ၏။ သို့ရာတွင် လောကနိယာမအရ ဖိလွန်းက ကြွလာသည့်သဘောရှိ၏။ မည်သည့် နိုင်ငံသူ နိုင်င

ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ

Image
http://www.mediafire.com/?ememzwhndzm    = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင် http://www.mediafire.com/?noziemyl5yj    = GTALK နှင့်ပက်သက်သမျှ http://www.mediafire.com/?050ltj4kgkd    = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း http://www.mediafire.com/?yyyzjylj2gy    = ဂူးဂဲလျို့ဝှက်ချက်များ http://www.mediafire.com/?tzdqjdmemdj    = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ http://www.mediafire.com/?xagz1meq9yn    = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့် http://www.mediafire.com/?dgxzdjwdrmd    = ၀က်ပိတ်တစ်ခုဖန်တီးခြင်း http://www.mediafire.com/?w3cdqdzwmmx    = HTML မိတ်ဆက် http://www.mediafire.com/?zjcjv2dnrso    = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ http://www.mediafire.com/?twdjnizznnu    = PHOTOSHOP NOTES(2) အကြောင်း http://www.mediafire.com/?p07vsb70gmrk9q5    = ADOBE PHOTOSHOP CS (မြန်မာ) http://www.mediafire.com/?52q0ew2umzg    = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်) http://www.mediafire.com/?wlzgykyjmjw    = MAYA AND PHOTOSHOP (အင်္ဂလိပ်) http://www.mediafire.com/

wi fi ဟက်နည်း

ဆိုင်ကစက်တွေကနေ ကိုယ်ပိုင်စက် ကိုWireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက်WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်ပေါ့.....ကိုယ်တိုင်တော့မခိုးသုံးဖူးသေးဘူးနော် ဖတ်ဖူးတာလေးတင်ပေးလိုက်တာပါ။။။။။ ကဲ လုပ်ကြည့်နော်..ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်...WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။ အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။ အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော် လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်..ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။ ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။ လုပ်နည်းလေးကတော့။ အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။ အက္ခရာပေါ်နေတဲ့ 

မျက်နှာပေါင်းတင်နည်း

Image
လူတိုင်းအတွက် သဘာဝနည်းနဲ့ မျက်နှာ ပေါင်းတင်ကြရအောင် by NANG KHA YEA on 27.10.2012 လှတစ်မျက်နှာဆိုတဲ့အတိုင်းပဲမျက်နှာလေးကြည်လင်ဝင်းပနေဖို့လိုအပ်ပါတယ်။မျက်နှာကိုဂရုတစိုက်  စောင့်ရှောက်မှုမလုပ်ပေးဘူးဆိုရင်တော့ကြည်လင်လှပနေတဲ့မျက်နှာကိုပိုင်ဆိုင်နိုင်မှာမဟုတ်တာအမှန်ပါပဲ။ အသားအရေကိုထိန်းသိမ်း စောင့်ရှောက်ရာမှာ ပြင်ပ စောင့်ရှောက်မှု တစ်ခုတည်းနဲ့ မထိရောက်ဖူး ဆိုတာကို ပထမဆုံး သိထားသင့် ပါတယ်။ အစား အစာကလည်း အရေးပါတဲ့ ကဏ္ဍကနေ ပါဝင် ပါတယ်။ ဒါကြောင့် အဟာရ ပြည့်ဝစေတဲ့ အသီးအနှံ၊ ဟင်းသီး ဟင်းရွက် တွေကို များများ စားပေးရမယ့် အပြင် အခွံမာ သီးကိုပါ နေ့စဉ် စားသုံးတဲ့ အစား အစာတွေ ထဲမှာ ထည့်သွင်း စားသုံး သင့်ပါတယ်။ ရေသောက် ဖို့လည်း မမေ့လျှော့ ပါနဲ့။ ရေသောက်ခြင်းဖြင့် အသားအရေကို အစိုဓါတ် ထိန်းထားပေးပြီး နူးညံ့ လာစေမှာ ဖြစ်ပါတယ်။ အပြင်မထွက်ခင် ၁ဝ-၁၅ မိနစ်လောက် အလိုမှာ  Moisturizer လိမ်းပေးမှသာ အပြင်ထွက်တဲ့ အခါမှာ အသားအရေက Moisturizer ကို စုပ်ယူပြီးသား ဖြစ်နေတာကြောင့် ထိရောက်စွာ ကာကွယ်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။ Sunscreen ထပ်လိမ်းပြီး နေလောင်မှုကို ဖြစ်စေတဲ့  UVရောင်ခြည်ကို ကာကွယ်ပေးပါ။ မိုးတိမ်ထ

သွေးအားကောင်းစေရန်

Image
မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. . ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်. . ဆလတ်ရွက်သည်လည်းကောင်း ၊ဟင်းနုနွယ်ရွက်တို့သည်. သွေးအားနည်းရောဂါကာကွယ် စေသော အရွက်ဖြစ်ပြီး သံဓာတ်များ အလွန်ကြွယ်ဝပါသည်. . . ၄င်းကဲ့သို့ သံဓာတ်ကြွယ်ဝသည့် အပြင် ပရိုတိတ်း ဓာတ်ပါရရှိစေနိုင်သည့် အစားအစာတစ်မျိုးမှာ ပဲပုတ်( Soya Bean) ဖြစ်ပါသည်. . ၄င်းကို ပဲနို့ရည် အသွင်ဖြင့် ထုတ် လုပ်ကြပြီး အစာကြေညက်လွယ် စေ၍ လူကြိုက်များလှပါသည်. . မက်မွန်သီး ခုနှစ်လုံးခန့်ကို ရေတွင် နှစ်နာရီ ခန့်စိမ်၍ မှုန့်ညက်အောင် ကြိတ်ခြေပြီး သုံးလခန့် နံက်တိုင်း စားသုံးပေးလျှင် သွေးအားကောင်းစေပါတယ်. နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေးထဲတွင် နာရီ အတန်ကြာ စိမ်ထ

ultra surf သုံးပြီး gmail ကောင့်ဖွင့်နည်း

Image
အရင်ကတင်ထားတာရှိရင်လည်း..သည်းခံပါခင်ဗျာ။ကဲ ဆရာ့ဆရာကြီးများ ကျော်ဖတ်သွားပါ။မသိသေးသောသူများအတွက်ရည်ရွယ်ပါသည်.... အရင်ဆုံး Ultrasurf ကိုဒီမှာDown ပါ ထုံးစံအတိုင်း Mozilla မှာ အကောင့်တခုဖွင့်လိုက်ပါ။verification code တောင်းပါစေလို့ဆုတောင်းပေါ့ဗျာ :P..... အဲဒါကိုခဏထားပြီး ခုဏက Down ထားတဲ့ File ကိုဖွင့်လိုက်ပါ။ဒီလိုပေါ်လာပါလိမ့်မယ်။တကယ်လို့ Connection ညှိချင်လည်းရပါတယ်။ကျွန်တော်ကတော့ Home ကိုပဲ နှိပ်လိုက်ပါတယ်။ ။ ဒီလိုတွေ့ပါလိမ့်မယ် ။Internet explorer မှာ Ultrasurf search ပေါ်လာရင် search box နေရာမှာ www.google.com လို့ရိုက်လိုက်ပါ။ဒီလိုဖြစ်သွားမယ် Ok ဒါဆိုရင် www.google.com နေရာမှာ www.google.com/voice လို့ရိုက်လိုက်ပါ။ ဒီပုံကိုတွေ့ပါလိမ့်။ ဟီး ဒီလိုတွေများနေပြီ....:D Google Voice - One phone number, online voicemail, and enhanced ... ကိုရွေးလိုက်ပါ။ဒီပုံကိုတွေ့ပါလိမ့်မယ် ... ကိုယ်လက်ရှိသုံးနေတဲ့ Gmail သို့ တခြား Gmail အကောင့် တခုခုနဲ့ဝင်လိုက်ပါ။နောက်တခုပေါ်လာရင် Get a voice number ကိုကလစ်ပါ I want a new number ကိုရွေးပါ ဒီလိုပေါ်လာရင် Wo